တူညီတဲ့ဘာသာရပ်တွေအတွက် စာမေးပွဲဖြေပြီးနောက်မှာတော့ ဥပဒေဌာနကတစ်ပတ်အနားပေးခဲ့တယ်ရှန်းယောင်က ဒီပိတ်ရက်ကိုအခွင့်ကောင်းယူပြီး ချန်းရှမြို့ကိုပျံသန်းသွားရင်း ချန်းယွီနဲ့ စိတ်ကူးယဉ်ဆန်တဲ့ရက်သတ္တပတ်ကိုကုန်ဆုံးနေတယ် ထုံရန်ကိုအဆောင်မှာထားခဲ့ပြီးတော့ပေါ့ နေ့တိုင်း စာလုပ်တာကလွဲရင် ထုံရန် တစ်ယောက် အွန်လိုင်းပေါ်က ဟင်းချက်နည်းတွေကြည့်ဖြစ်တယ် အမျိုးအစားတော်တော်များများကို ဖယ်ထုတ်ပြီးနောက်မှာတော့ သောကြာနေ့အတွက် ဟင်းချက်နည်း ၇မျိုး ၈မျိုးလောက်စုဆောင်းပြီးသွားပြီ အဲ့ဟင်းချက်နည်းတွေကအရမ်းမခက်ခဲသလို သူမရဲ့ အခြေခံ ဟင်းချက်နည်းနဲ့ထည့်တွက်လိုက်ရင်...ဒီတစ်ခါရလဒ်ကပိုကောင်းမှာပါ
စနေနေ့မနက်အဆောင်ကထွက်တော့မလို့ ပြင်ချိန်မှာတော့ အဆောင်တံခါးကချက်ချင်းပွင့်လာတယ်
အချစ်ရေးအတွက် ချန်းရှကိုလေယာဉ်နဲ့ထွက်သွားတဲ့ လူကစောစောစီးစီးပြန်ရောက်လာတာပဲ
"ဘယ်လိုလုပ်ပြန်ရောက်နေတာလဲ ပြောတော့ တင်္နလာနေ့မှပြန်လာမယ်ဆို"
"ငါတို့စကားများခဲ့တယ်"
ရှန်းယောင်စူပုတ်ပုတ်နဲ့ပြောလာပြီး
"ဒီနေ့က စနေနေ့မလား နင်ဘယ်သွားမလို့လဲ"
စာကြည့်တိုက်သွားမယ်လို့ မရေမရာပြောရင်းနဲ့ပဲ ထုံရန် လွယ်အိတ်ကိုကောက်ကိုင်ရင်း ပြေးထွက်တော့မလို့လုပ်ချိန််မှာ ရှန်းယောင်ကရုတ်တရက် နောက်ပြန်ဆွဲလိုက်ပြီး ပြုံးစိစိနဲ့
"အလျင်မလိုပါနဲ့ အတင်းမမေးပါဘူး"
ပြောလို့ပြီးသွားတော့ Nuan Bao Baoအနွေးပေးကပ်ခွါကိုထုတ်လိုက်ပြီး ဖောက်ထုတ်လိုက်တယ် ထုံရန်ရဲ့ ဆွယ်တာကို မ,တင်ရင်း ထုံရန်ရဲ့ ဗိုက်ထက်က Blouseအင်္ကျီပေါ် တိုက်ရိုက်ကပ်ပေးလိုက်တော့တယ်
YOU ARE READING
သက်ဆုံးတိုင် ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||
Romanceတစ်ချိန်ကဆရာဝန်ဖြစ်ခဲ့ဖူးတဲ့ သူကို သင်ကြားရေးဆရာအဖြစ် ပြန်တွေ့တယ်ဆိုရင် ဘယ်လိုနေမလဲ။ ၁၃နှစ်အရွယ်တုန်းက မင်းရဲ့မိခင်ကော သူ့ရဲ့မိခင်ကော တူညီတဲ့ဆေးရုံမှာ ကယ်ဆယ်ခြင်းခံခဲ့ရတယ်။ ၆နှစ် ၇နှစ် အကြာမှာတော့ သူကအသံမကြားနိုင်တော့တဲ့ အပြင် နှလုံးခွဲစိတ်တဲ့ဌာ...