လူတိုင်းရီနေကြတယ် သေချာပေါက် ကုဖျင်းရှန်ကတော့မဟုတ်လေဘူးပေါ့ သူကတည်တည်ငြိမ်ငြိမ်နဲ့ပြောလာတယ်"Laws that are international, commercial, and about arbitration?"
ဒီလိုအချိန်မှာတောင် တည်ငြိမ်နေတဲ့သူ့ကိုကြည့်ပြီး ထုံရန်ဘယ်လိုမှ စကားတစ်ခွန်းတောင်မပြောထွက်လေဘူး
သူမအနောက်ကလူက လက်ထောင်ပြရင်းမတ်တပ်ရပ်လာပြီး
"ဆရာ သမီးအစားဖြေလို့ရမလား"
လိပ်ပြာမသန့်တဲ့စိတ်နဲ့နောင်တရနေတဲ့ ရှန်းယောင်တစ်ယောက် သူမကိုယ်သူမ ဒီကိစ္စထဲဆွဲထည့်ဖို့ဆုံးဖြတ်လိုက်တယ်
ကုဖျင်းရှန်းရဲ့နှုတ်ခမ်းတွေကတင်းတင်းစေ့ထားပြီး အတန်းထောင့်ကိုလျှောက်သွားလိုက်တယ် ရီနေတာလား တစ်ခုခုတွေးနေတာလားဆိုတာ ဘယ်သူမှမပြောနိုင်ဘူး အဆုံးမှာတော့ သူပြုံးရင်းခေါင်းယမ်းပြီး
"ရပါတယ် ဖြေစရာမလိုဘူး"
စာသင်တဲ့စင်မြင့်ဆီလျှောက်သွားပြီး စာအုပ်ဖွင့်ပြီးတာနဲ့ ဘာမှမဖြစ်ခဲ့သလို သင်ခန်းစာတွေဆက်သင်တော့တယ် ဒါပေမယ့်လည်း အတန်းခေါင်းလောင်းတီးချိန်မှာတော့
"ထုံရန် နေ့လည်ကျရင်ဌာနက ဆရာ့ရုံးခန်းကိုလာခဲ့"
သွားပြီ
ကုဖျင်းရှန်သူ့စာအုပ်ကိုကိုင်ပြီး ထွက်သွားတာနဲ့ထုံရန်ပေါ်ရောက်လာတဲ့ အကြည့်တွေအားလုံးကပြောနေတာတစ်ခုတည်း : နင်တော့သွားပြီ
"ဘာမှမဖြစ်ဘူး"
ရှန်းယောင် သူမပုခုံးကိုပုတ်ရင်းပြောလာတယ်
"မိန်းမလှသေတဲ့အဆိပ်က အထူးသဖြင့်လှပတဲ့မိန်းကလေးတွေကိုပဲသေစေတာ ဒီအတိုင်း နင့်ရုပ်ရည်ကအရမ်းလှတယ်ဆိုတာသွားပြလိုက်ရုံပဲ"
ထုံရန် သွားတွေကိုတင်းတင်းစေ့ရင်း ရှန်းယောင်ကိုအရှင်လတ်လတ် စားလိုက်နိုင်ဖို့မျှော်လင့်နေတယ်
ရလဒ်အနေနဲ့ နေ့လည် ဥပဒေဌာနချုပ်ရုံးကိုရောက်သွားတော့ ဆရာတိုင်းက သူမကိုပြုံးစိစိနဲ့မေးလာကြတယ်
YOU ARE READING
သက်ဆုံးတိုင် ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||
Romanceတစ်ချိန်ကဆရာဝန်ဖြစ်ခဲ့ဖူးတဲ့ သူကို သင်ကြားရေးဆရာအဖြစ် ပြန်တွေ့တယ်ဆိုရင် ဘယ်လိုနေမလဲ။ ၁၃နှစ်အရွယ်တုန်းက မင်းရဲ့မိခင်ကော သူ့ရဲ့မိခင်ကော တူညီတဲ့ဆေးရုံမှာ ကယ်ဆယ်ခြင်းခံခဲ့ရတယ်။ ၆နှစ် ၇နှစ် အကြာမှာတော့ သူကအသံမကြားနိုင်တော့တဲ့ အပြင် နှလုံးခွဲစိတ်တဲ့ဌာ...