20-2 // ရိုးရှင်းတဲ့ပျော်ရွှင်မှု

454 59 4
                                    



နှစ်သစ်ရဲ့ဒုတိယမြောက်နေ့ကလွဲရင် ပျားရည်ဆမ်းခရီးက ဥပဒေကုမ္ပဏီကြီးရဲ့ အချိန်ပိုဆင်းတဲ့ခရီး အဖြစ်ပြောင်းလဲသွားခဲ့တယ်

ကုဖျင်းရှန်ကပေါင်းသင်းရလွယ်တဲ့လူဖြစ်ပြီး ပျားရည်ဆမ်းခရီးအဖြစ်ရည်ရွယ်ထားတာဆိုတော့ ကြိုတင်စာရင်းပေးထားတဲ့ သူတို့ရဲ့အိပ်ခန်းက တစ်ခြားသူတွေထက်စာရင်ပိုကြီးနေတကြောင့် လူတွေအများကြီး အလုပ်လုပ်ရလွယ်ကူဖို့အတွက် သူတို့အခန်းကနောက်ဆုံးတော့ရုံးခန်းဖြစ်လာတယ်

အစကတော့ အဲ့လိုပြင်ဆင်လိုက်ရတဲ့အတွက် သူ့လုပ်ဖော်ကိုင်ဖက်တွေကတွန့်ဆုတ်နေပြီး တောင်းပန်ကြပေမယ့် ၃ရက်အကြာမှာတော့ ထုံရန်ကပိုလို့တောင်ပေါင်းသင်းဖို့လွယ်မှန်းသိသွားတယ် သူမက သူတို့ကိုအခန်းပေးရုံသာမက အလုပ်တောင်ကူလုပ်ပေးသေးတယ်လေ

ဒါပေမယ့် သူမတို့နှစ်ယောက်ကြားက သေးငယ်တဲ့အပြုအမူလေးတွေကအစ အားလုံးကိုအားကျတဲ့စိတ်တွေဖြစ်ပေါ်လာစေတယ်

ဒီလိုနဲ့ပဲ မကြာသေးခင်ကမှဘွဲ့ရထားတဲ့ ကုဖျင်းရှန်ရဲ့အတွင်းရေးမှူးတောင် မသည်းခံနိုင်တော့ကြောင်းနဲ့ နှစ်ကုန်တာနဲ့လက်ထပ်တော့မယ်ဆိုတာပြောလာတယ်...

တစ်ခါတစ်လေ သူတို့အကူအညီမလိုတဲ့အခါ ထုံရန် သူမဘာသာ လစ်ထွက်လာပြီး ဟိုတယ်ရဲ့ သီးသန့်ကမ်းခြေမှာနေပူစာခံလေ့ရှိတယ်

ပျားရည်ဆမ်းခရီးအဖြစ်အလာများတဲ့စာရင်းထဲကထိပ်ဆုံးမှာနေရာယူထားတဲ့နေရာဆိုတော့ အတွဲတွေကိုနေရာတိုင်းတွေ့ရတယ်

ကြီးမားတဲ့ထီးအောက်မှာထိုင်ရင်း ထုံရန်ရဲ့ခြေထောက်တွေက နူးညံ့တဲ့သဲတွေနဲ့ဆော့ကစားနေတယ်

သက်ပြင်းညင်ညင်သာသာချလိုက်ရင်း ထိုင်ခုံနောက်ကိုမှီချလိုက်တယ်

တကယ်ပူတာပဲ သူအဲ့အခန်းထဲမှာအဆင်ပြေပါ့မလား

ထုံရန် စိုးရိမ်တာကိုမဖျောက်နိုင်ဘဲ သူ့ကိုစာပို့လိုက်တယ်

နှလုံးခုန်နှုန်းဘယ်လောက်လဲ

သိပ်မကြာခင်မှာပဲ သူ့ပြန်စာရောက်လာတာ

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now