4-1 // အဲ့ဒီလှပတဲ့အရာလေးတွေ

1.1K 158 8
                                    



သူမကိုအံ့ဩစေတာ ကုဖျင်းရှန်ရဲ့အခမ်းအနားတင်ဆက်တဲ့အတွေ့အကြုံက သူပြောထားတာထက်ပိုကောင်းနေတာပဲ လေ့ကျင့်တာများလာတော့ သူတို့အချင်းချင်း အပေးအယူပိုမျှလာတယ် ဝတ်စုံအပြည့်နဲ့ အစမ်းလေ့ကျင့်တဲ့နေ့မှာ ထုံရန်နဲ့ ကုဖျင်းရှန်က စတိတ်စင်အနောက်ဘက်မှာ ထိုင်စောင့်နေရင်း တံခါးအပြင်မှာတော့

"ငါ့ဝတ်စုံဘယ်မှာလဲ"

"ငါ့ပစ္စည်းဘယ်မှာလဲ"

ဆိုတဲ့အသံတွေပူညံပူညံတွေဖြစ်နေပြီး ထုံရန် ဇာတ်ညွှန်းကိုလက်ထဲမှာကိုင်ရင်း ရီသံကိုထိန်းထားနေရတယ်

ရုတ်တရက် ပြာယာခတ်နေတဲ့လူတစ်ယောက်က အလျင်စလိုနဲ့ ဝင်လာလိုက် အံ့ဩသွားပြီး ရပ်သွားလိုက် တောင်းပန်စကားပြောလိုက် အဲ့လိုအဖြစ်ကထပ်ခါထပ်ခါ ဖြစ်နေတော့

သူတို့နှစ်ယောက် ရီချင်တဲ့အကြည့်တွေဖလှယ်လိုက်ကြတယ်

ဖျော်ဖြေပွဲ လက်ထောက်မန်နေဂျာက ဝတ်စုံပြည့်ဝတ်ထားတဲ့ တင်ဆက်သူနှစ်ယောက်ကို အစမ်းလေ့ကျင့်မှု စတင်တော့မယ်အကြောင်းပြောလာတယ်

စတိတ်စင်က ခန်းဆီးအနောက်ဖက်နေရာဆီ သူတို့နှစ်ယောက်လျှောက်လာလိုက်ပြီး သူမ ချောင်းကြည့်လိုက်တော့ တက္ကသိုလ်အမှုဆောင် ဒါရိုက်တာတွေက ဒုတိယတန်းနဲ့ပထမတန်း ထိုင်ခုံနေရာတွေမှာ ထိုင်နေတာတွေ့ပြီး စိုးရိမ်စိတ်တွေကြီးလာတယ်

နုလုံးခုန်သံတွေမြန်လာပြီး လက်ဖဝါးတွေပါချွေးထွက်လာတယ်... ကုဖျင်းရှန်ကိုကြည့်လိုက်တော့ မီးရောင်မှိတ်မှိတ်အောက်မှာ သူက သူမရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူကိုသတိထားမိပြီး သူမကိုခေါင်းငုံ့ကြည့်နေခဲ့တယ်

"စိတ်လှုပ်ရှားနေလား"

ထုံရန် ခေါင်းငြိမ့်လိုက်ပြီး သိမ်ငယ်သလိုခံစားမိသွားတယ် လူတိုင်းက သူမ အရမ်းအတွေ့အကြုံရှိလို့ ကုဖျင်းရှန်ကိုကူညီရမယ်လို့ သူတို့ပြောကြတယ် အဲ့တာဆိုဘာလို့ သူမက ပထမဆုံးဝတ်စုံပြည့်အစမ်းလေ့ကျင့်ပွဲမှာ စိတ်လှုပ်ရှားနေရတာလဲ

အဖွင့်တီးလုံးကြားလိုက်တာနဲ့ သူမ အသက်ပြင်းပြင်းရှူလိုက်တယ် စိတ်မလှုပ်ရှားနဲ့ လုံးဝစိတ်မလှုပ်ရှားနဲ့ ကျောင်းရဲ့အမှုဆောင်ဒါရိုက်တာ အယောက်၂၀ ဒါမှမဟုတ် အယောက်၂၀ကျော်ပဲမလား ကိုယ့်ကိုယ်တိတ်တိတ်လေးရေရွတ်နေတယ်

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now