11-1 // အတိတ်ဆိုတာမရှိတော့ဘူး

929 138 9
                                    

စနေနေ့ပြီးဆုံးတော့မယ့်အချိန်ရောက်လာတော့ တနင်္ဂနွေနေ့

ဒါမှမဟုတ် နောက်တစ်မျိုးပြောရရင် သူမတို့နှစ်ယောက်အတူနေဖို့၂ရက်အချိန်ရှိတယ်

သူတို့ ကုဖျင်းရှန်အိမ်ရောက်လာပြီ။ တိတ်တိတ်လေးပဲ သူမ စက္ကန့်တိုင်းရေတွက်နေတယ်။အချိန်အလုံအလောက်မရှိဘူးပဲ တကယ်လို့ သူခွဲစိတ်ဖို့ပြန်သွားမယ်ဆို နေပြန်ကောင်းဖို့ ဘေကျင်းမှာအချိန်အတော်ကြာနေရမှာ သူမကတော့ သူ့ကိုဂရုစိုက်ဖို့အခွင့်အရေးတောင်မရဘဲ ရှန်ဟိုင်းမှာနေကျန်ခဲ့ရမယ်

အတွေးတွေက ဥဦးနှောက်ထဲရှုပ်ယှက်ခတ်စွာပြေးလွှားနေတော့ မတွေးလိုက်ဘဲ စီချွမ်ငရုတ်သီး ၊နာနတ်ပွင့်၊ လိမ္မော်ခွံခြောက်ရယ် ငရုတ်ကောင်းခြောက်တွေရယ် ရောထားတာကို ဒယ်အိုးထဲထည့်လိုက်တယ်။ အဲ့လိုနဲ့ အိုးထဲကဆီကျက်ပြီးသားဆိုတာကိုမေ့နေတာကြောင့် ဆီတွေစင်လာတော့ မြန်မြန်ဆန်ဆန် နောက်ကိုဆုတ်လိုက်တာ ခြေ၂လှမ်း လှမ်းပြီးနောက်မှာတော့ သူနဲ့တိုက်မိသွားတယ်

ကုဖျင်းရှန်က ဒယ်အိုးအဖုံးကိုမြန်မြန်လေးအုပ်လိုက်ပြီး Range hood fanကိုဖွင့်လိုက်တယ်

"အတွေးတွေဘယ်ရောက်နေတာလဲ"

ဒယ်အိုးထဲက ကျစ်ကျစ်ကျက်ကျက်အသံတွေနဲ့အတူ သူတိုးတိုးလေးမေးလာတယ်

"ကုန်တိုက်ကပြန်လာကတည်းက စိတ်နဲ့ကိုယ်မကပ်သလိုပဲ ငယ် ကို့ကိုပြောပြချင်တာရှိလား"

သူ့အသံကညင်သာနေပေမယ့် သိပ်မရေရာတဲ့အရိပ်အယောင်တွေတော့ရှိနေတယ်

ထုံရန် မီးဖိုကိုပိတ် နောက်ပြန်လှည့်ပြီး သူ့ကိုကြည့်လိုက်တယ်

"ကို့ကိုဂရုစိုက်ပေးချင်လို့ဘေကျင်းပြန်ချင်တယ်"

"ငယ် အတန်းတက်စရာရှိသေးတယ်လေ"

သူအနည်းငယ် အံ့ဩသွားပြီး ပြုံးလာတယ်

"ထုံရန် ဒီခွဲစိတ်မှုကအန္တရာယ်မရှိဘူး ပြီးတော့ နေပြန်ကောင်းလာအောင်အနားယူရတဲ့ကာလကလည်း နည်းနည်းပဲကြာတာ အမြဲတမ်းဖုန်းဆက်နေမယ် တစ်နေ့၂ခါ ဒါမှမဟုတ် ၃ခါ ၄ခါ?"

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now