16-3 // လူကြီးမင်းကု

607 77 9
                                    


သူမသတိလက်လွတ်ဖြစ်နေချိန်မှာပဲ အပြင်ကိုဆွဲခေါ်ခံလိုက်ရတယ်

လူတိုင်းသူတို့ရှိသမျှအားတွေနဲ့တွန်းတိုက်သွားလာနေကြတဲ့နေရာမှာ သူမတို့နှစ်ယောက်ပဲဆန့်ကျင်ဘက်ကိုသွားလို့နေတယ်

"ငါအလုပ်သွားရမှာ"

အနားကလူတွေငြီးတွားနေကြတာကို ထုံရန်ကြားနေရသလို သူ့လက်ထဲကလွတ်အောင်ရုန်းလို့မရဖြစ်နေတယ်

"ပြောစရာရှိရင် ငါတို့ညမှပြောကြမယ်လေ"

"ငါကားမောင်းတယ် အလုပ်ကိုလိုက်ပို့ပေးမယ် လမ်းမှာစကားပြောမယ်"

လက်ကိုဆန့်တန်းကာ ဘတ်စ်ကားပေါ်တက်ဖို့ကြိုးစားနေတဲ့ ဘေးကလူနှစ်ယောက်ကို သူတားဆီးလိုက်သလိုဖြစ်သွားတယ်

"မနက်မိုးလင်းတာနဲ့ ပထမဆုံးကတော့အရူးလိုပြေးရတာပဲပေါ့ ဒီမှာ မင်းဘာလုပ်နေတာလဲ မတက်ရင်..."

အတားခံလိုက်ရတဲ့အမျိုးသားတစ်ဦးကဒေါသထွက်လာပြီး ခေါင်းလှည့်ကာကြိမ်းမောင်းတော့မယ့်အခိုက် လုပိုင်ရဲ့အကြည့်ကြောင့်ထိတ်လန့်သွားရတယ်

သူပြဿနာရှာမှာစိုးတာကြောင့် ထုံရန် သူ့လက်မောင်းကိုဆွဲထားလိုက်ပြီး

"ဒီလူတွေကအလုပ်သွားမယ့်လူတွေ မှားနေတာငါတို့"

လုပိုင်ဘာမှမပြောဘဲ သူ့မျက်နှာထက်ကမိုးရေတွေကိုလက်နဲ့သပ်ချလိုက်တယ်

ဘတ်စ်ကားမှတ်တိုင်နဲ့သိပ်မဝေးတဲ့နေရာမှာ သူ့ကားကိုရပ်ထားပြီး သူမလူအုပ်ကြားကထွက်လိုက်တာနဲ့ သူမခေါင်းပေါ်ကသူ့ကုတ်အင်္ကျီကိုဖယ်လိုက်ပြီး သူမတစ်ယောက်တည်းအတွက်ပဲထီးဆောင်းလိုက်တယ်

လုပိုင်ကသူ့ကားတံခါးကိုဖွင့်ပြီး သူမကိုကားအထဲဝင်ဖို့လုပ်ပြလာတော့ ထုံရန်ခေါင်းယမ်းလိုက်ပြီး

"ဒီမှာပဲစကားပြောရအောင် ငါ့ကိုအခုချက်ချင်းရှာရအောင်ဘာအရေးကြီးတာရှိလဲ"

လုပိုင် သူမဆီကဒီငြင်းဆန်မှုကိုမျှော်လင့်ထားပြီးသားမလို့ သူမကို သူဖိအားမပေးလေဘူး။ ဒါမှမဟုတ် ပိုအတိအကျပြောရရင် သူမကိုတစ်ခုခုလုပ်ဖို့ ဘယ်လိုဖိအားပေးရမလဲဆိုတာကို သူဘယ်တုန်းကမှမသိခဲ့တာလို့ပြောရမလား

"အဲ့နေ့ကအသီးဆိုင်မှာ လူတွေကမစ္စကုလို့ခေါ်တာကြားလိုက်တယ် အဲ့လူကိုလက်ထပ်မှာလား"

"အင်း"

"သူက နင့်ရဲ့တက္ကသိုလ်ကဆရာနော်"

လုပိုင် မေးနေတာမဟုတ်ဘဲ တစ်ခုခုကိုသတိပေးဟန်နဲ့ပြောလာတယ်

"ငါမှတ်မိတယ် ပြီးခဲ့တဲ့ခရစ်စမတ်တုန်းကသူ့ကိုရှန်ဟိုင်းမှာတွေ့ခဲ့တာ"

သူမ "အင်း"လို့မဖြေရသေးခင်မှာပဲ

"သင်ကြားရေးဆရာနဲ့အဲ့လိုပတ်သတ်မှုရှိနေတာ ဘွဲ့ယူရင်ထိခိုက်လာနိုင်တယ်"

"နောက်တစ်နှစ်ပဲ..ငါ့ရဲ့အလုပ်သင်ကာလပြီးရင် ဘွဲ့ရပြီ"

"နင်နဲ့သူ ဒီမှာနေတာလား ဒီစုပေါင်းရပ်ကွက်မှာလေ ပြီးတော့အဘွားကော"

"အင်း အဲ့တိုက်ခန်းကိုသူပဲဝယ်ခဲ့တာ"

မစီမစဉ်ထားဘဲမေးနေတဲ့ လုပိုင်ရဲ့မေးခွန်းတွေကဟိုရောက်ဒီရောက်နဲ့ ဒါပေမယ့် ဘယ်လောက်ပဲသူမေးပါစေ သူမကတော့ ဝတ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ရင်းမှန်နဲ့ဖြေပေးနေတယ်

နောက်ဆုံးမှာ လုပိုင် ထပ်မမေးတော့ပေမယ့် ကားပေါ်လည်းမတက်ချင်တာနဲ့ပဲ သူ့ကားဘေးမှာပဲတိတ်ဆိတ်စွာရပ်နေတယ်။နောက်ပြီး သူမ..ထီးဆောင်းထားရင်း သူနဲ့အတူရပ်နေတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူမတို့ရဲ့ ရံဖန်ရံခါဖြစ်တတ်တဲ့ ငြင်းခုံမှုတစ်ခုမှာ ထူထပ်စွာကျဆင်းနေတဲ့နှင်းတွေကြားမှာ လုပိုင်အနေရခက်စွာနဲ့ရပ်နေခဲ့တာ အိမ်လည်းမပြန်ချင်သလို သူမှားတယ်ဆိုတာကိုလည်းဝန်မခံဘဲနဲ့လေ သူမလည်း ထူထဲတဲ့ဦးထုပ်နဲ့လက်အိတ်ကိုဝတ်ထားကာ သူ့ရှေ့မှာ တိတ်ဆိတ်စွာရပ်နေခဲ့တယ်

"အချိန်ရောက်ပြီ"

သူမ ပြုံးလိုက်ရင်း

"ငါတကယ်နောက်ကျတော့မယ်"

"သူ မကြားရဘူးလား"

လုပိုင် ရုတ်တရက် ထပ်မေးလာတယ်

"သူ လူတွေစကားပြောတာမကြားရဘူးလား ဘာအသံကိုမှမကြားရတာလား"

ဒီမေးခွန်းကမထင်မှတ်ထားတဲ့အရာဖြစ်နေပြီး ထုံရန်ချက်ချင်းမဖြေခဲ့ပေ

"တစ်နေ့ကဒီမှာအိမ်ဝယ်ဖို့စာချုပ်လာချုပ်တော့ သူ့ကိုအသီးဆိုင်မှာတွေ့လိုက်တယ် အစကသူ့ကိုနှုတ်ဆက်မလို့ ဒါပေမယ့် သူ မကြားရဘူးဆိုတာတွေ့တယ် ပြီးတော့ မင်းအိမ်ပြန်ရောက်လာတာပဲ"

ထုံရန် ခဏလောက်စဉ်းစားပြီး ရိုးသားလိုက်ဖို့ဆုံးဖြတ်လိုက်တယ်

"သူတစ်ခါကဖျားနာခဲ့ပြီး အကြားအာရုံထိခိုက်ခဲ့တယ်"

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now