13-1 // သူ့ကိုစောင့်နေရင်း

716 112 2
                                    



သူမ ထိုစာကြောင်းကို  မယုံနိုင်လောက်အောင်ပင်အကြိမ်ပေါင်းများစွာဖတ်နေခဲ့တယ်

သူ ထွက်သွားတာ ရက်သတ္တပတ်၈ပတ်ကြာခဲ့ပြီ။

ကုတင်ပေါ်လှဲချလိုက်ပြီး ဟိုလှည့်ဒီလှည့်နဲ့ မျက်နှာနဲ့ခေါင်းအုံးအပ်ထားပေမယ့် ဘာလုပ်လုပ် အိပ်မပျော်လေဘူး။ အဲ့တာကြောင့် သူမအနားက မီးအိမ်ကိုဖွင့်ဖို့ ဆုံးဖြတ်လိုက်ပြီး ကုတင်ပေါ်မှာ ဗိုက်ကိုမှီလဲလျောင်းရင်း သူမရဲ့ ရူပဗေဒသင်ခန်းစာကိုစတင်လေ့ကျင့်တော့တယ်

အိပ်ရာဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ရှန်းယောင်တစ်ယောက် ရုတ်တရက် အားအင်တွေတက်ကြွလာတဲ့ သူမကိုမြင်တော့ ရူပဗေဒရဲ့ညှင်းပန်းမှုက ထုံရန်အတွက် အတင်းအကြပ်စွဲလမ်းမှုတစ်ခုအဖြစ်ပြောင်းလဲသွားတယ်လို့တွေးမိသွားတယ်

"ရန်ရန် ငါ့ကိုမခြောက်ပါနဲ့ အကြိုစာမေးပွဲပဲရှိသေးတယ် နင်ရူးသွားပြီလား"

ခဲတံနဲ့ သူမ ပါးပြင်ကိုပုတ်လိုက်ရင်း ထုံရန်ပြောလိုက်တယ်

"ငါ ဒီညအိပ်ပျော်နိုင်မှာမဟုတ်ဘူးထင်တယ်"

သူမရဲ့အိပ်ယာအောက်ကလူကတော့ သူမပြောတာကိုနားလည်မှာမဟုတ်ဘူး။ ပြန်လှန်လေ့ကျင့်ထားတာတွေကိုကြည့်ရင်း သူမမျက်နှာထက်မှာ အပြုံးအကြီးကြီးတစ်ခုခုရှိနေခဲ့တယ်

ရူပဗေဒ အကြိုစာမေးပွဲက ဗုဒ္ဓဟူးနေ့ ညနေပိုင်းအတန်းချိန်မှာလုပ်ဖို့စီစဥ်ထားတယ်

အကြိုစာမေးပွဲတစ်ခုသာဖြစ်တာကြောင့် စောင့်ကြည့်မှုက သိပ်မတင်းကျပ်လေဘူး။ စာမေးပွဲစာရွက် အထပ်လိုက်လက်ထဲမှာကိုင်ထားတဲ့ ကျောက်ရင်ကအရှေ့ဆုံးတန်းရှိကျောင်းသားကနေတစ်ယောက်ပြီးတစ်ယောက် မေးခွန်းလွှာကိုလက်ဆင့်ကမ်းလာတယ်။ ထုံရန်ကနောက်ဆုံးအတန်းမှာထိုင်တာကြောင့် အတန်းရှေ့ကထွက်လာတဲ့ ညည်းတွားသံတွေကိုနားထောင်ရင်းသူမကိုပေးလာတဲ့ မေးခွန်းလွှာကိုယူလိုက်တယ်

လေးကြိမ်မြောက်စာမေးပွဲပြန်ဖြေရတာကြောင့်မဟုတ်ရင် ပြီးခဲ့တဲ့စာသင်နှစ်ကကျောက်ရင်နဲ့ကုဖျင်းရှန်ရဲ့ သင်ကြားပေးမှုကြောင့်နေမယ် ပုစ္ဆာတွေကသူမအတွက်လွယ်ကူနေတယ်။ မေးခွန်းလွှာကိုစာရေးစားပွဲပေါ်ဖြန့်လိုက်ပြီး ပုစ္ဆာတွေစဖြေတော့မလိုလုပ်ချိန် ရုတ်တရုတ်မြည်လာတဲ့ဖုန်းအသံ။

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now