မီးဖိုခန်းထဲက အငွေ့အသက်တွေကလေနဲ့ပြန့်လွင့်လာတယ်ခေါင်းကိုတစ်ဖက်လှည့်လိုက်ပြီး မီးဖိုခန်းထဲမှာလင်းနေတဲ့အလင်းရောင်ကိုကြည့်ရင်း တိတ်တိတ်လေးရေရွတ်လိုက်တာ
"သူပဲ မဟုတ်တာလုပ်သေးတယ် အပြစ်ကင်းသလိုဟန်ဆောင်နေပြန်ပြီ"
သူ့မေးစေ့ကို ထုံရန်ရဲ့ ပုခုံးပေါ်တင်လိုက်ပြီး မီးဖိုကပြန့်လာတဲ့ အနံ့အရသာကို ရှုရှိုက်လိုက်ရင်း
"ကိုမသိအောင်ဘာပြောနေတာလဲ"
ထုံရန် ခေါင်းခါလိုက်ပြီး ဘာမှမလုပ်သလိုဟန်ဆောင်လိုက်တယ်
ကုဖျင်းရှန် လေကိုထပ်ရှူရှိုက်လိုက်ပြီး
"တစ်ခုခုတူးနေတဲ့အနံ့ရတယ်ထင်တယ်"
ထုံရန် သတိအနေအထားဖြစ်သွားပြီး အပြေးအလွှားသွားကြည့်ချိန်မှာတော့ ဟုတ်ပါ့ အမဲသားတူးနေတာပဲ
အဲ့တော့ သူမရဲ့ပထမဆုံးအမဲသားစတူးက အမှိုက်တောင်းထဲပစ်လိုက်ရတာနဲ့ပဲအဆုံးသတ်သွားတယ်
အစကတော့ တူးနေတဲ့အပေါ်ယံလေးတွေကိုဓားနဲ့ခြစ်ခွါလိုက်ရင် နည်းနည်းပါးပါးတော့ စားလို့ရဦးမယ်ပေါ့ ဒါပေမယ့် ကုဖျင်းရှန်ကတော့ တူးနေတဲ့အစားအစာတွေကကင်ဆာဖြစ်စေတယ်ဆိုပြီး အလျော့မပေးဘဲ ဆုံးမလာတော့ သူမရဲ့ ဝီရိယနဲ့ ချွေတာမှုလေးကို ကောင်းကောင်းကြီး ဖျက်ဆီးလိုက်နိုင်တယ်
တော်သေးတာက တစ်ခြားဟင်းတွေရှိသေးလို့
ပြောရရင် သူကြိုက်မှာသေချာတဲ့ဟင်းတစ်ခုကတော့ ရှိတယ်
နူးညံ့တဲ့ တို့ဖူးပူတင်းကို နံနံပင်လေးအပေါ်မှာဖြူးထားပြီး နှစ်တစ်ထောင်ငံပြာရည်နဲ့ရောမွှေထားတာ
[အဲ့ငံပြာရည်လုပ်နည်းကို မျိုးဆက်အဆက်ဆက်လက်ဆင့်ကမ်းပြီး ရောင်းချလာခဲ့တာမလို့ နှစ်တစ်ထောင်ငံပြည်ရည်လို့ခေါ်ကြတာပါ]
ထုံရန် အဲ့တာကိုသူ့ရှေ့မှာချပေးလိုက်တယ် အရသာတော်တော်ကောင်းတယ် သူမတိတ်တိတ်လေးမြည်းကြည့်ပြီးပြီ
ပြုံးရင်းနဲ့ပဲ ကုဖျင်းရှန် ဇွန်းကိုကိုင်လိုက်ပြီး တစ်ဇွန်းအပြည့်စားလိုက်တယ် ပြီတော့ နောက်ထပ် ဇွန်းအပြည့် ခေါင်းတောင်မမော့လာဘူး အဲ့တာ သူမလည်း သူ့ကိုဘာမှမမေးနိုင်တော့တာနဲ့ ထိုင်ခုံကိုဆွဲထုတ်လိုက်ပြီး မျှော်လင့်ချက်ကြီးကြီးနဲ့ပဲ သူ့ကိုကြည့်နေလိုက်တယ်
YOU ARE READING
သက်ဆုံးတိုင် ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||
Romanceတစ်ချိန်ကဆရာဝန်ဖြစ်ခဲ့ဖူးတဲ့ သူကို သင်ကြားရေးဆရာအဖြစ် ပြန်တွေ့တယ်ဆိုရင် ဘယ်လိုနေမလဲ။ ၁၃နှစ်အရွယ်တုန်းက မင်းရဲ့မိခင်ကော သူ့ရဲ့မိခင်ကော တူညီတဲ့ဆေးရုံမှာ ကယ်ဆယ်ခြင်းခံခဲ့ရတယ်။ ၆နှစ် ၇နှစ် အကြာမှာတော့ သူကအသံမကြားနိုင်တော့တဲ့ အပြင် နှလုံးခွဲစိတ်တဲ့ဌာ...