9-1 // ကြားနိုင်တယ်

1K 143 6
                                    



ပြီးခဲ့တဲ့ စာမေးပွဲရက်သတ္တပတ်ကတည်းက လူတွေတော်တော်များများ အိမ်ပြန်သွားကြပြီ

နှစ်တိုင်း ဆောင်းရာသီပိတ်ရက်တွေနဲ့ နွေရာသီပိတ်ရက်တွေဆို ဘေကျင်းကျောင်းသားအဖွဲ့က လူတစ်ယောက်ယောက်က ဘေကျင်းမြို့ကိုရထားလက်မှတ်ဖြတ်ပေးတဲ့နေရာမှာ တာဝန်ယူလေ့ရှိတယ် အဲ့တော့ ရထားရှည်ကြီးက ရင်းနှီးတဲ့သူတွေပဲရှိနေပြီး နောက်တစ်နေ့မနက်အထိ စကားပြောသံ ရီမောသံတွေနဲ့ပြည့်နေတယ်

ဒီနှစ် သူမလည်း လက်မှတ်ကြိုဖြတ်ထားတယ် ကုဖျင်းရှန်က သူနဲ့အတူ ဘေကျင်းကိုအတူပြန်မလားမေးတော့မှ သူနဲ့သူမနဲ့ တူညီတဲ့မြို့ကိုပြန်ရမယ်မှန်း သတိရသွားတော့တယ်

ဘောပင်နဲ့ ခြစ်လိုက်တယ် ဒီစာသင်နှစ်ရဲ့ နောက်ဆုံးနေ့ရက်ကို

၁၉ပတ် ၁၃၃ရက်

ကုဖျင်းရှန်ရောက်လာတုန်းက စာသင်နှစ်ရဲ့ပထမဆုံးနေ့ရက်ဖြစ်ပြီး မနက်ခင်းရဲ့ပထမဆုံးအတန်းချိန်ပဲ

ထုံရန် မှတ်မိသေးတယ် အဲ့နေ့က ရာသီဥတုအရမ်းကောင်းမွန်နေခဲ့တာ မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်ကနေ ဖြာကျနေပြီး သူ့ကို လင်းလက်နေစေတယ် သဘာဝကျကျပဲ သူ မြေဖြူကို ကိုင်ပြီး နာမည်ကိုရေးလိုက်တယ် : ကုဖျင်းရှန်

ပြက္ခဒိန်ပေါ်က ဘောပင်က​ရွေ့လျားသွားပြီး အကွက်ငယ်လေးတစ်ခုအပေါ်မှာရပ်တန့်သွားတယ်။ ဒီဇင်ဘာ၂၄ရက်ရဲ့ လေးထောင့်ကွက်ထဲမှာ အသည်းပုံလေးဆွဲလိုက်ပြီး ဘောပင်နဲ့ အရောင်ခြယ်လိုက်တယ်

"ထုံရန်ရှိလား"

တစ်ယောက်ယောက်က ရုတ်တရက်တံခါးလာခေါက်ခဲ့တယ် ဝမ်ကျင်းကျင်းပဲ

ရှန်းယောင်စောစောတုန်းက ဝမ်ကျင်းကျင်းရဲ့အဆောင်ခန်းပြောင်းလိုတဲ့တောင်းဆိုချက်ကြောင့် ညစ်ညူးနေခဲ့ပေမယ့် သူမကတော့ နားထောင်ပြီးတာနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပဲ

တက္ကသိုလ်ဆိုတာက အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေလို မိုးလင်းက မိုးချုပ်စာလုပ်နေစရာမလိုဘူး ရှန်းယောင်နဲ့ ရှောင်ရူက အတန်းသိပ်တက်တဲ့သူတွေမဟုတ်တော့ ရလဒ်အနေနဲ့ ဝမ်ကျင်းကျင်းနဲ့တစ်ခန်းတည်းမနေဖြစ်တော့တာနဲ့ ဖြေးဖြေးချင်း ဝေးကွာသွားတော့တာပဲ ယှဉ်ပြောရမယ်ဆိုရင်တော့ အဲ့နေ့ညက သူမရဲ့ခံစားချက်တွေကိုဖွင့်ဟပြီး စကားတွေပြောခဲ့တဲ့အတွက်ကြောင့် ထုံရန်နဲ့တော့ အရမ်းရင်းနှီးနေတုန်း

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now