အိုက်မီက ထုံရန်ကိုကုတ်အင်္ကျီပေးလိုက်ပြီး ကုဖျင်းရှန်ကိုစကားပြောဖို့အခွင့်ကောင်းယူလိုက်တယ်"ဆရာကု သမီးဆရာ့ကို Cong baiပါတယ် ဟီးဟီး"
ပြောပြီးတာနဲ့ ရီမောရင်းထွက်သွားတော့တာပဲ
ကုဖျင်းရှန်က ခဏလောက်တိတ်ဆိတ်နေပြီးမှ ထုံရန်ကိုမေးလိုက်တယ်
"သူမ ဘာပြောလိုက်တာလဲ"
"သူမက ဆရာကုကို လေးစားပါတယ်တဲ့ (Chong bai)"
နောက်ဆုံးတော့ သူမအသံကိုပြန်ရလိုက်ပြီ ဒါပေမယ့် အသံကကြမ်းကြမ်းကြီးဖြစ်နေသေးတယ် ကံကောင်းတာ သူ မကြားရလို့
"အဲ့လိုလုပ်တုန်းက တစ်ခုခုမှားသွားမှာမကြောက်ဘူးလား"
သူမ သူ့ကိုမေးလိုက်တယ်
"သီချင်းဆိုတဲ့အပိုင်းမှာ အခြေခံနည်းနည်းရှိတယ်လေ ပြီးတော့ အဲ့သီချင်းနဲ့လည်းရင်းနှီးတယ်"
သူက သူမကို ကုတ်အင်္ကျီဝတ်ဖို့ အမူအရာလုပ်ပြလိုက်တယ် ဒီရက်ပိုင်းအပူချိန်ကကျသွားတော့ စတိတ်စင်နောက်မှာက အေးစက်စက်ကြီးဖြစ်လို့နေတယ်
"ဒါပေမယ့် မင်းသီချင်းဆိုတာကို လိုက်နိုင်ပါ့မလားဆိုတာမသေချာဘူး ကောင်းတာက မင်းကော ရှန်းယောင်းကောက လည်လို့"
သူကအေးအေးဆေးဆေးပဲ လူထောင်ချီရှေ့မှာဖျော်ဖြေရသလိုမဟုတ်ဘဲ ကာရာအိုကေခန်းမှာဆိုနေသလိုပြောသွားတယ် ကွာခြားသွားတာဆိုလို့ စတိတ်စင်ပေါ်တက်ပြီး သီချင်းဆိုရတာပဲရှိသလို
ပီယာနို၊သီချင်းဆိုသင်တန်း၊အသံလွှင့်မိန့်ခွန်းပြောတာ...သူနဲ့ပတ်သက်တဲ့အရာအားလုံးကို စုစည်းလိုက်တော့ သူမနားလည်လာတာ သူ့မိသားစုက သူ့ဆီမှာအရည်အချင်းတွေအများကြီးမွေးမြူလေ့ကျင့်ပေးခဲ့တာပဲလို့ လူတစ်ယောက်က သူလေ့လာခဲ့တဲ့အရာတစ်ခုကို လက်လွှတ်လိုက်ရရင်တောင် အဲ့လူရဲ့နှလုံးသားထဲမှာနောင်တနဲ့ ဝမ်းနည်းမှုတွေဖြစ်စေနိုင်တာ ကောင်းကင်ဘုံကသူ့ကို များပြားလှတဲ့အရည်အချင်းတွေနဲ့ချီးမြောက်ထားပေးမယ့် သူကတော့ပြသနိုင်ခွင့်တောင်မရှိတော့ဘူး
YOU ARE READING
သက်ဆုံးတိုင် ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||
Romanceတစ်ချိန်ကဆရာဝန်ဖြစ်ခဲ့ဖူးတဲ့ သူကို သင်ကြားရေးဆရာအဖြစ် ပြန်တွေ့တယ်ဆိုရင် ဘယ်လိုနေမလဲ။ ၁၃နှစ်အရွယ်တုန်းက မင်းရဲ့မိခင်ကော သူ့ရဲ့မိခင်ကော တူညီတဲ့ဆေးရုံမှာ ကယ်ဆယ်ခြင်းခံခဲ့ရတယ်။ ၆နှစ် ၇နှစ် အကြာမှာတော့ သူကအသံမကြားနိုင်တော့တဲ့ အပြင် နှလုံးခွဲစိတ်တဲ့ဌာ...