အပိုင်း ၁(ပထမအပိုင်း)အပိုင္း ၁(ပထမအပိုင္း)

122K 4.9K 228
                                    


Summary,

Unicode:

ရှ အင်ပါယာနဲ့ အနောက်မြောက်ပိုင်း လူရိုင်းမျိုးနွယ်တွေဟာ နယ်စပ်ဒေသမှာ တိုက်ခိုက်ရင်း တင်းမာမှုများမြင့်တက်လာခဲ့သည်။ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် ရှနိုင်ငံရဲ့မင်းသမီးကို လက်ဆောင်ပဏ္ဍာန်အဖြစ် ဆက်သပေးရမှာဖြစ်သည်။

ရှရှီး နဲ့လက်ထပ်ရမယ့် လူရိုင်းဘုရင်က အသက်ကြီးကြီးအဘိုးကြီးတစ်ယောက်လို့ ရှရှီး ထင်ခဲ့သည်။ သူ့ထက် အသက် ၅ နှစ်ငယ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်နေမယ်လို့တော့ မထင်ထားခဲ့ပေ။

Unicode,

ရှရှီးကို မွေးဖွားခဲ့စဥ်တုန်းက ရှရှီး ဟာ အသက်ဘေးမှ သီသီလေး လွတ်ခဲ့သည်။

ဘာကြောင့်လဲဆိုတော့ သူက သာမန်ကလေးတစ်ယောက် မဟုတ်လို့ပင်။ ခန္ဓာကိုယ်အောက်ပိုင်းမှာ အမျိုးသားအင်္ဂါရော၊ အမျိုးသမီးအင်္ဂါပါ ပါတဲ့ ဒွိလိင် တစ်ယောက် ဖြစ်နေသည်။ ထိုအချိန်တွေတုန်းက ရှမင်းဆက်အတွက် ဒီလိုကလေးမျိုး ဖွားမြင်တာက ကံမကောင်းစေဘူးလို့ ယူဆကြသည်။ သာမန်အရပ်သား အိမ်တွေမှာတောင် ဒီလိုကလေးမျိုးဆိုရင် ရေကန်ထဲကို နှစ်ပစ်တာဖြစ်ဖြစ်၊ မြေကြီးထဲကို အရှင်လတ်ခတ် မြေမြှုပ်ပစ်တာဖြစ်ဖြစ် ပြုလုပ်ကြသည်။ အဆင့်အတန်း နိမ့်ပါးတဲ့အိမ်မျိုးမှာ မွေးဖွားလာရင်တော့ အသက်ရှင်ဖို့ အခွင့်အရေးနည်းနည်းတော့ ရှိနိုင်သည်။

ဒါပေမယ့် သူ့မယ်တော် ကိုယ်လုပ်တော် ယု က ဥာဏ်နီဥာဏ်နက်များသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ လက်သည် ရဲ့အလန့်တကြား အော်သံကို ကြားလိုက်ရတဲ့ခဏမှာ သူမက နန်းတော် ဂိတ်တံခါးတွေကိုချက်ချင်း ပိတ်ခိုင်းလိုက်သည်။ အထဲက ဘယ်သူကမှ အပြင်ထွက်ခွင့်မရှိသလို အပြင်က ဘယ်သူကမှလည်း ဝင်လာခွင့်မရှိပေ။

အဲ့နောက်မှာတော့ သူမက ဒုတိယကလေးကို ဆက်လက်ဖွားမြင်တော့သည်။ သူမ မမွေးဖွားခင်တုန်းက အမွှာကိုယ်ဝန်ရှိနေတယ်လို့ ဘယ်သူကမှ မသိခဲ့ကြပေ။ သူမကိုယ်တိုင်လည်း မသိခဲ့။ သူမ ဒုတိယကလေးကို မွေးဖွားခဲ့တယ်ဆိုတာ အခန်းထဲက လူတွေသာ သိကြသည်။ အပြင်ကလူတွေကတော့ သူမဟာ ကျန်းမာတဲ့ သာမန် သမီးလေးတစ်ပါးကို ဖွားမြင်ခဲ့တယ်လို့သာ သိကြသည်။

ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ