Unicode:
ငါးကြိမ်လုပ်၊ ဒါဆိုရင် မင်းကို ခွင့်လွှတ်ပေးမယ်
လေးရက်မြောက်နေ့ညနေခင်းတွင် သူတို့နှစ်ယောက် လီယွမ်နဲ့ တွေ့ခဲ့ကြသည်။ နေရာကတော့ ဇန်းချန်းမြို့က နာမည်ကြီး စားသောက်ဆိုင်တစ်ခုမှာပင်။ ဆိုင်ရဲ့ဂုဏ်သတင်းကြောင့် လူအများအပြား လာရောက်စားသောက်ကြသည်။ ရှရှီးနဲ့ စိုင်ဝှမ်းတို့ ခိုးထွက်လာချိန်တွင် ကောင်းကင်သည် မှောင်မိုက်နေပြီး လမ်းနှစ်ဖက်တွင် ဖြူ၊ နီ၊ ဝါ မီးရောင်စုံများ ထွန်းညှိထားတာကြောင့် နေ့အချိန်ကဲ့သို့ပင် ထိန်ထိန်ညီးနေတော့သည်။
~~~~~~~
စိုင်ဝှမ်းက မသိတတ်စွာ လေချဥ်တက်လိုက်ပြီး
"ဟင်းတွေက အရမ်းအရသာရှိတာပဲ။ ဒီလောက်အရသာရှိတာကို မစားခဲ့ရတာနှစ်တွေ အတော်လေး ကြာပြီ။ အစ်ကိုကြီး လီယွမ်က အရမ်းရက်ရောတာပဲ"
ရှရှီးက ဗိုက်မဆာတာကြောင့် သိပ်မစားပေ။ သူက ပြုံးလိုက်ပြီး
"မင်းကြိုက်တယ်ဆို ပြီးတာပဲ"
စိုင်ဝှမ်းက ရှရှီးကို ကြည့်လိုက်ပြီး သူဘာတွေ စဥ်းစားနေတယ်ဆိုတာကို သတိထားမိသွားပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ကျမတို့ကို တွေ့သွားမှာ စိုးရိမ်နေတာလား။ လူတွေအများကြီးပဲဟာ။ မတွေ့လောက်ပါဘူး။ နောက်ပြီး ကျမတို့က မဟုတ်တာလုပ်နေတာမှမဟုတ်တာ။ အစားစားရုံလေးပဲကို။ တကယ်လို့ ဘုရင်မင်းကြီးက ဒီအကြောင်းကို သိသွားရင်တောင် ဆိုးဆိုးဝါးဝါးပြောမှ မဟုတ်လောက်ပါဘူး"
သူတို့တွေ့တဲ့နေရာက ဧည့်ကြိုအခန်းလိုမျိုးထဲမှာ ဖြစ်တာကြောင့် ဝင်ထွက်သွားလာနေတဲ့လူတွေက သူတို့ကို မြင်နေရသည်။ နောက်ပြီး ရှရှီးက အမျိုးသားငယ်လေးလို ဝတ်ဆင်ထားတာကြောင့် သူက တစ်ယောက်ယောက်နဲ့ဆင်တူတယ်ပဲထားအုံး- သူမှန်းမလွဲဧကန်သိနိုင်သည်။ ရှရှီးက စိတ်အေးမနေနိုင်ပေ။ "အင်း..." ဟုတိုးတိုးလေးသာ ရေရွတ်လိုက်တော့သည်။
~~~~
သူတိူ့တည်းခိုတဲ့နေရာကိုရောက်တော့ အခန်းထောင့်မှာ ကုန်သည်တစ်ယောက်လိုဝတ်ဆင်ထားတဲ့ ကိုယ်ရံတော်ကိုတွေ့လိုက်ရတာကြောင့် ချူးလန်ပြန်ရောက်နေပြီမှန်း ရိပ်စားမိသည်။ သူခြေလှမ်းတွေခဏ ရပ်တန့်သွားပြီး အသက်ပြင်းပြင်းရှူကာ အပေါ်ထပ်သို့ တက်ခဲ့တော့သည်။
YOU ARE READING
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)
Historical FictionTitle.....The Little King English translator...PastTimer ""Permission granted from English translator"" English translation link👇🏻👇🏻 https://www.wattpad.com/story/239997376?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_...