အပိုင်း၁၂(အဝတ်ဗလာ)အပိုင္း၁၂(အဝတ္ဗလာ)(Mature)

42.4K 3.4K 377
                                    

Unicode:

ရှရှီးက ကုတင်ပေါ်မှာ စိတ်ရှုပ်စွာလှဲနေ၏။ ခေါင်မိုးပေါ်မှ ချူးလန်ရဲ့ ခြေသံကိုတော့ မကြားရတော့ပေ။ ဘေးအခန်းက ညည်းသံများကိုမူ ရှင်းရှင်းလင်းလင်း ကြားနေရသည်။ ထိုအသံမှာ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေ ရောထွေးနေသည်။ ထိုအရာကိုလုပ်ဆောင်နေသော သူမှာ သာယာမှုနှင့် နာကျင်မှုကို တစ်လှည့်စီ ခံစားနေရသောကြောင့် ဖြစ်မည်။ အမျိုးသမီးဆီမှ ညည်းညူသံတွေ၊ အမျိုးသားဆီမှာ ညစ်ညမ်းသော စကားသံတွေအပြင် ခန္ဓာကိုယ်ချင်း ထိစပ်ရာမှ ထွက်ပေါ်လာသော အသံတွေဟာ ကျယ်သထက် ကျယ်လောင်လာတော့သည်။

ရှရှီးကတော့ ထိုအသံတွေကို ရှက်ရွံ့စွာနဲ့ နားထောင်နေရင်း ဟိုးတုန်းက အဖြစ်တစ်ခုကိုတောင် သတိရမိသွားသည်။

ရှရှီး အမှန်တော့ ကာမ ဆက်ဆံခြင်းကို လက်တွေ့တွင် မြင်ဖူးခဲ့သည်။

ရှရှီး နန်းတော်ထဲမှာ ခိုးကြောင်ခိုးဝှက်နေခဲ့ရစဥ် အသက် ၁၀ နှစ်ကလောက်ဖြစ်သည်။ သူ့ရဲ့တည်ရှိမှုကို သိသူလည်း များများစားစားမရှိ။ သူ့မယ်တော်ကိုယ်လုပ်တော် ယုက မင်းကြီး၏ အချစ်ခံ ဇနီးမယားထဲတွင် မပါဝင်။ သူမရဲ့ ချစ်သမီးလေးကြောင့်သာ မဟုတ်ရင် မင်းကြီးက သူမဆီကို လာလည်သည်မှာရှားသည်။

မင်းကြီး၏ မောင်းမဆောင်တွင် ကိုယ်လုပ်တော် တစ်ရာကျော်ရှိသည်။ရွေးခံရတဲ့လူတောင် အတော်လေး ကံကောင်းတဲ့ထဲ ပါသည်။ မင်းကြီး သူတို့အားလုံးနဲ့ လှည့်ပတ်အိပ်မယ်ဆိုရင်တောင် သုံးလ ကျော်ကြာမည်။ ဒါကြောင့် ကိုယ်လုပ်တော်ယုက နှစ်ဝက်လောက် တစ်ယောက်ထဲသာ ညကို ကုန်ဆုံးခဲ့ရသည်။ ထိုအချက်ကြောင့်ပဲ ရှရှီးက မယ်တော်နဲ့ အတူအိပ်ချင်သည့်အခါများတွင် မယ်တော့်ကို ပူဆာလေ့ရှိသည်။ ထိုညတွင် ကိုယ်လုပ်တော်ယုက သူ့ကို အတူအိပ်ဖို့ ခွင့်ပေးခဲ့သည်။

သူတို့သားအမိနှစ်ယောက်က ဆက်ဆံရေးကောင်းမွန်သည်။ရှရှီးက သူ့မယ်တော်နဲ့ မကြာခဏ တွေ့ရလေ့မရှိပေ။ ထို​ကြောင့် သူက မယ်တော်နဲ့ ပို၍ နီးနီးကပ်ကပ်နေချင်သည်။ ထိုညနေမှာ သူတို့ ရေစော​ချိုးကြပြီး အိပ်ယာစောစော ဝင်ဖို့ လုပ်ထားကြသည်။

ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Tempat cerita menjadi hidup. Temukan sekarang