အပိုင်း၄(အစားနည်းတာက မကောင်းဘူး)အပိုင်း၎(အစားနည်းတာက မကောင်းဘူး)

32.8K 3.8K 235
                                    

Double update😪

Unicode:

လူရိုင်းမျိုးနွယ်တို့ရဲ့ ကုတင်ပုံစံက ရှနိုင်ငံတော်ရဲ့ ကုတင်နဲ့ မတူပါ။ အခုဟာက ကုတင် လို့ ခေါ်လို့ရရုံသာရှိသည်။ မဟုတ်သေး!ကြီးမားတဲ့ ထိုင်ခုံကြီးနဲ့တောင် ပိုတူသည်။ သာမန်ကုတင်တွေထက်လည်း ပိုတိုသည်။ ပတ်ပတ်လည်မှာ ထူထဲတဲ့ လိုက်ကာတွေနဲ့ ပိတ်ထားပြီး ကုတင်ပေါ်မှာ မွေ့ယာတစ်ခုခင်းထားသည်။ ဒါပေမယ့် မွေ့ယာကို ရက်လုပ်ထားတဲ့အသားက မနူးညံလှပေ။ အခုချိန်က ဆောင်းဦးရာသီဖြစ်လို့ ရာသီဥတု က မအေးလှပေ။ ဒါကြောင့် စောင်နှစ်ထည်ကလည်း မထူလှပေ။

ရှရှီး ခြေလက်သန့်စင်ပြီး ပြန်ဝင်လာတဲ့အချိန်မှာ ချူးလန်က စောင်တောင်ခြုံပြီးနေပြီဖြစ်သည်။ သူက မျက်လုံးတစ်စုံကိုသာ ဖော်ထားပြီး ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက စောင်အောက်မှာဖြစ်သည်။ လူငယ်လေးရဲ့မျက်လုံးတွေက နက်မှောင်ပြီး တောက်ပသည်။ စူးစိုက်ကြည့်နေတဲ့အချိန်ဆို မျက်လုံးထောင့်စွန်းတွေက စူးရှနေပြီး ရဲရင့်တဲ့ဝံပုလွေတစ်ကောင်ရဲ့ အကြည့်ရိုင်းတွေလိုပင်။

ရှရှီးဟာ စိုက်ကြည့်ခံနေရတဲ့အတွက် မသက်မသာ ခံစားလာရသည်။ သူခြေလှမ်းတွေကို တုံ့နှေးလိုက်ပြီး ဆက်လျှောက်ရမလား၊ ရပ်နေရမလား ဝေခွဲမရဖြစ်နေသည်။ သူက အခုထိ အလွှာသုံးလွှာရှိတဲ့ ဝတ်စုံအထူကြီးကို ဝတ်ထားရတုန်းပင်။ သူ့ခြေလှမ်းတွေက ဘယ်လောက်ပဲနှေးနေပါစေ၊ အခန်းက သိပ်မကျယ်လှတဲ့အတွက် ခဏအကြာမှာ သူအိပ်ယာဆီကို ရောက်ရှိသွားသည်။ သူတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတုန်းမှာ လူငယ်လေးကမေးလိုက်သည်။

"မင်း အဝတ်အစားတွေ မချွတ်ဘူးလား"

ရှရှီးက အလျင်အမြန်ပြန်ဖြေလိုက်သည်။

"ဟုတ်သားပဲ....ကျနော်မျိုးမ ချွတ်လိုက်ပါ့မယ်"

ရှရှီးက လူငယ်လေး သူ့ကို မမြင်နိုင်လောက်မယ့် ထောင့်တစ်နေရာကိုသွားပြီး ဝတ်စုံရဲ့ အပေါ်ဆုံးအလွှာကို ချွတ်လိုက်သည်။ ခေါင်းပေါ်က အဆင်တန်ဆာတွေကိုလည်း ဖြည်းဖြည်းချင်း ဖြည်ချနေကာ ခဏကြာတော့ ချူးလန် က မေးပြန်သည်။

ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Where stories live. Discover now