27K 3.5K 103
Unicode:
ရှရှီး ဒီကိုရောက်ပြီးကတည်းက ချူးလန်ရဲ့ ရေချိူးပေးတဲ့ကိစ္စတွေကို သူကသာ ဆောင်ရွက်ပေးရသည်။ လူရိုင်းတွေက ရေခဏခဏချိုးရတာကို မကြိုက်ကြ။ ရေအလုံအလောက်မရှိတာကြောင့်လည်းဖြစ်နိုင်သည်။ ဒါမှမဟုတ် သူတို့ရဲ့ ဓလေ့စရိုက်ကြောင့်ပဲဖြစ်နိုင်သည်။ ချူးလန်က အစကတော့ ဆေးကြောသန့်စင်ရတာကို သဘောမကျတဲ့အတွက် ၃ ရက်၊ ၅ ရက် နေမှတစ်ခါ ရှရှီးကို ဆေးကြောခိုင်းလေ့ရှိသည်။ ဒါပေမယ့် ရှရှီးက နေ့တိုင်းဆေးကြောသန့်စင်တဲ့အတွက် နောက်ပိုင်းကျ ချူးလန်ကလည်းသူ့ကို နေ့တိုင်း ရေချိုးပေးစေသည်။
အစေခံတွေက ရေချိုးဇလုံကို အခန်းထဲကို သယ်ခဲ့ကြသည်။ နောက်ပြီး ရေပူတစ်ဝက်လောက် ထည့်ထားသည်။ ချူးလန်က အဝတ်အစားတွေကို အမြန်ချွတ်လိုက်ပြီး ရှရှီးကို သူ့ဆံပင်တွေ အဖြည်ခိုင်းသည်။ ပြီးမှသူက ရေဇလုံထဲ ဝင်လိုက်တယ်။ ချူးလန်က အခု အသက် ၁၃ နှစ်ရှိပြီဖြစ်ပြီး သူက တခြားသူတွေထက် ဖွံဖြိုးနှုန်းနှေးသည်။ သူ့မှာ သန်မာတဲ့ပုံရိပ်ရှိပေမယ့် သူက လူကြီးတစ်ယောက်လိုမျိုးတော့ မဖွံဖြိုးသေး။ ရှရှီးက လူငယ်လေးရဲ့ အဝတ်မပါတဲ့ခန္ဓာကိုယ်ကို ပထမဆုံးအကြိမ်တွေ့တုန်းကတော့ အတော်လေးရှက်နေခဲ့သေးသည်။ အခုတော့ ကျင့်သားရသွားပြီး တည်ငြိမ်တဲ့မျက်နှာထားကို ပြသထားနိုင်သည်။
ရှရှီးက လူငယ်လေးရဲ့ ကျောဖက်ကို ဆပ်ပြာနဲ့ နူးနူးညံညံလေး ပွတ်တိုက်ပေးနေသည်။ ချူးလန်က ရေဇလုံကို မှီထားပြီး ရှရှီးသူ့ကို သန့်စင်ပေးနေတဲ့အချိန်မှာ စိတ်ကျေနပ်နေတဲ့အမူအရာနဲ့ သက်ပြင်းချလိုက်သည်။ သူက ရုတ်တရက် ခေါင်းကို မြှောက်လိုက်ပြီး နက်ရှိုင်းတဲ့မျက်ဝန်းတစ်စုံနဲ့ ရှရှီးကို ငေးကြည့်နေသည်။ သူက မထိန်းနိုင်ဘဲ ရှရှီးရဲ့ဆံပင်လေးတွေကို သပ်ပေးနေကာ ဆံနွယ်လေးတွေနဲ့ဆော့နေရင်း
"ရက်အနည်းငယ်အတွင်း ကိုယ်တို့ သူခိုးတွေကို ထွက်တိုက်ကြတော့မှာ"
သူတို့က အနောက်လူရိုင်းနယ်မြေက သူတွေကို သူခိုးတွေဆိုပြီး တင်စားပြောတာဖြစ်သည်။
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Where stories live. Discover now