30.8K 2.6K 275
Unicode:
ရှရှီးက ကလေးတွေအတွက် နောက်ဆုံးအဝတ်တွေကို ချုပ်ပြီးသွားတော့ သေသေသပ်သပ်ခေါက်လိုက်ကာ လန်းဒိုအာကို အန်းအာယွမ်သို့နောက်တစ်ရက်တွင် ပို့ဖို့ စေခိုင်းလိုက်သည်။ လန်းဒိုအာက သူသောက်ဖို့ လက်ဖက်ရည်ပြင်ပေးပြီးနောက် သူ့ဆံနွယ်တွေကို ဖြီးသင်ပေးကာ ထုံးဖွဲ့ပေးသည်။ သူမ ခေါင်းဘီးကို ပြန်တောင်မချရသေးခင်မှာပဲ အပြင်ဖက်က တစ်ယောက်ယောက်က ဝင်လာသည်။
ရှရှီး က ဝင်လာတဲ့သူကို ကြည့်လိုက်ပြီး အံ့သြသွားသည်။ ချူးလန်က အခုလိုအချိန်ကြီး ရောက်ချလာလိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။ သူနောက်ဆုံးတစ်ခေါက်လာတုန်းကနဲ့ သုံးရက်ပဲခြားသေးတာလေ။ ဒါပေမယ့် သူရောက်လာရတဲ့ အကြောင်းရင်းကို စဉ်းစားကြည့်လိုက်ပြီးနောက်မှာတော့ သူထိတ်လန့်သွားရသည်။ လန်းဒိုအာက ချူးလန်ကို အရိုအသေပေးဖို့ ပြင်လိုက်ပေမယ့် သူက လက်ခါပြကာ အမိန့်ပေးလိုက်သည်။
"ဒီည အထဲကို ဝင်မလာခဲ့နဲ့"
ချူးလန်ရဲ့ အဝတ်အစားတွေက အရင်လို အစောင့််တစ်ယောက်ရဲ့ အဝတ်အစားမျိုးပင်။ သူက အဲ့လိုတွေ ဝတ်ထားတာတောင် ချောမောနေဆဲ ဖြစ်သည်။ အရပ်ရှည်ပြီး သန်မာသည့်ပုံပေါ်သည်။ ချူးလန်က ရှေ့ကို ခြေနှစ်လှမ်း လှမ်းလာပြီး နှစ်ယောက်ကြားက အကွာအဝေးကို ချိန်ညှိလိုက်သည်။
သူ့ကို ထပြီး အရိုအသေပေးဖို့ ပြင်နေတဲ့ ရှရှီး ကို တားဆီးလိုက်ပြီး စားပွဲပေါ်က ဘီးကိုယူကာ ရှရှီး ဆံပင်များကို ဖြီးသင်ပေးသည်၊။ ရှရှီး က အမြန်တားဆီးလိုက်သည်။
"အရှင်.....မလိုပါဘူး"
ချူးလန်က ပြုံးကာ
"ကိုယ်မင်းကို ခေါင်းဖြီးပေးမလို့လေ။ ဘာတွေ လန့်နေတာလဲ"
ရှရှီး က နှုတ်ခမ်းကို ကိုက်ထားပြီး ဘာမှ မပြောပေ။ မျက်လွှာသာချထားရင်း ကြေးမုံမှတဆင့် သူ့ခင်ပွန်းလေးကိုလည်း ကြည့်မနေ။ ချူးလန်က သူ့ရဲ့ မူမမှန်မှုများကို သတိပြုမိသွားပြီး နက်နက်ရှိုင်းရှိုင်းပြုံးကာ
"ဘာလို့လဲ။ ကိုယ်က ခဏခဏလာနေတော့ မင်းကို စိတ်ရှုပ်စေလို့လား။"
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Место, где живут истории. Откройте их для себя