Extra3.The crybaby prince and his princess

22.8K 2.2K 50
                                    

Unicode:

ဇန်းရှုသိတဲ့အသိမှာ မယ်တော်နဲ့ ရှချွင်းက ဒွိလိင်တွေဖြစ်ကြသည်။ ညီဖြစ်သူကလည်း သူ့လိုပဲ သိထားမယ်လို့ထင်သည်။ ဒါကြောင့် ဇန်းရွဲ့က ပုံထဲကလူက မယ်မယ့်လိုပင်လို့ပြောလိုက်တော့ မှားယွင်းနေတယ်လို့မခံစားရခြင်းဖြစ်သည်။ သူ့ခေါင်းထဲမှာ အတွေးတွေများနေတာကြောင့် သူစကားပြောဖို့ တော်တော်လေးကြာလိုက်သည်။

"ငါ....ငါထင်တာတော့ သူက ကိုကို့ လိုမျိုးထင်တယ်"

သူ့အသံကတိုးတာကြောင့် ဇန်းရွဲ့က သူပြောလိုက်တာကို မ​ကြားရပေ။ ဒါပေမယ့် နှစ်ယောက်စလုံးက ရုပ်ပြစာအုပ်မှာပဲ စိတ်ထွေပြားနေတာကြောင့် အာရုံမထားမိကြ။

ဇန်းရှုက ထိုနေ့ကပုံတွေကိုကြည့်ပြီး ညရောက်တော့ နွေဦးအိပ်မက်တွေမက်တော့သည်။ သေချာပေါက် သူက အရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်တာကြောင့် အရင်တုန်းကလည်း ဒီလိုအိပ်မက်မျိုးတွေ မက်ဖူးပါသည်။ ဒါပေမယ့် ဒီတစ်ခါအိပ်မက်လောက်တော့ တစ်ခါမှ ရှင်းရှင်းလင်းလင်း မမက်ခဲ့ဖူးပေ။

အရင်တုန်းက အိပ်မက်တွေထဲမှာ ရှချွင်းကို မက်ခဲ့လို့ ပျော်ခဲ့ရပေမယ့် သူက ပြင်းပြင်းထန်ထန်တစ်ခုခုကြီးလုပ်ချပစ်လိုက်ချင်ပြီး ဘာလုပ်ရမှန်းမသိတာကြောင့် အိပ်မက်ထဲမှာပင် သူက ရိုးသားလွန်းနေခဲ့သည်။ အရင်တုန်းကအိပ်မက်တွေထဲမှာ သူက ရှချွင်းကို နမ်းရှိုက်ရုံလောက်သာလုပ်ခဲ့ပြီး ရှချွင်းရဲ့လက်သေးသေးလေးကို သူ့ပါးပေါ်တင်ထားတာလောက်သာ လုပ်ခဲ့သည်။ သူက အဲ့တာလောက်နဲ့သာ ကျေနပ်နေခဲ့တာဖြစ်သည်။ မယုံနိုင်လောက်စွာပင်.....ဒီတစ်ခေါက် အိပ်မက်ထဲမှာတော့ သူက ရဲတင်းတဲ့အကွက်တွေပါ လုပ်ခဲ့သေးသည်။

အိပ်မက်က ဝေဝါးဝါးသာဖြစ်သည်။ နောက်ပြီး ကိုကိုကလည်း ပုံမှန်နဲ့မတူပေ။

ကိုကို့ရဲ့ အေးစက်စက်မျက်နှာပေါ်တွင် အနီရောင်လေးတွေဖြတ်ပြေးနေပြီး မျက်လုံးတွေကလည်း စိုစွတ်နေကာ သူ့ကို ချစ်မြတ်နိုးစွာငေးကြည့်နေသည်တဲ့လေ။ဇန်းရှုရဲ့အောက်ပိုင်းကအရာက တောင့်တင်းနေပြီး ကိုကို့ရဲ့နီရဲနေတဲ့ နှုတ်ခမ်းတွေကို ငေးကြည့်နေကာ

ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Donde viven las historias. Descúbrelo ahora