Unicode:
ရှရှီး က အောက်တိုဘာလအစောပိုင်းတွင် မီးဖွားခဲ့သည်။ သူက သမားတော်များခန့်မှန်းထားသည်ထက် ၂ ရက်စော၍မီးဖွားခဲ့သည်။ ညစာစားပြီးနောက် သူ့ဗိုက်ထဲက မခံမရပ်နိုင်အောင် နာလာခဲ့သည်။ ဒါပေမယ့် သူက မီးဖွားခါနီးလို့နာတယ်လို့ မထင်တာကြောင့် သည်းခံနိုင်သမျှ ကြိတ်မှိတ်သည်းခံနေခဲ့သည်။ သူက ချူးလန်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ရင်း
"အရှင်.....ကျနော်တော့ မွေးတော့မယ်ထင်တယ်!!"
ချူးလန်က ခေါင်းမပါတဲ့ယင်ကောင်ကြီးလို့ ဟိုဟိုဒီဒီလျှောက်ပြေးနေပြီး အစေခံတွေကို သတင်းပို့ခိုင်းဖို့ကို မေ့လျော့ကာ သူကိုယ်တိုင် မြန်မြန် မတ်တပ်ထရပ်ပြီး သမားတော်နဲ့ လက်သည်တို့ကိုခေါ်ဖို့ အပြင်ဆောင်ကို ပြေးထွက်သွားတော့သည်။ အားလုံးပြင်ဆင်ပြီးတဲ့နောက်မှာ ရှရှီး တစ်ယောက် ညလယ်ခေါင်ကြီး ဗိုက်တွေအကြိတ်အနှယ် နာလာတော့သည်။
သူ့နဖူးမှာ ချွေးသီးလုံးကြီးတွေ ရှိနေပြီး နှုတ်ခမ်းများကလည်း ဖြူဖျော့နေလျှက် ဒီနာကျင်မှုကို သူ့ရဲ့ခန္ဓာကိုယ်က ဘယ်လိုမှ သည်းမခံနိုင်ပေ။ ချူးလန်ကလည်း ရှရှီး ရဲ့ အခုလိုပုံစံကို မမြင်ဖူးတာကြောင့် ထိတ်လန့်နေပြီး ရှရှီး နားက တစ်ဖဝါးမှ မခွာနိုင်တော့ပေ။ နောက်ဆုံးတော့ လက်သည်မိန်းမတွေက ချူးလန်ကို အပြင်ထွက်ပေးဖို့ တောင်းဆိုရတော့သည်။
လူရိုင်းတွေမှာ ခင်ပွန်းသည်က ဇနီးသည် မီးဖွားတာကို စောင့်ကြည့်ရင် နမိတ်မကောင်းဘူးဟု ယူဆကြသည်။ ယောက်ျားတွေက အပြင်ကသာ စောင့်ကြရသည်။ သမားတော်တွေတောင် လိုက်ကာခြားပြီးမှသာ အပြင်ကနေ ညွှန်ကြားရုံသာ လုပ်ကြရတာ ဖြစ်သည်။ ထိုလူတွေက ရှရှီး ခန္ဓာကိုယ်အကြောင်းကို သိပြီးသားဖြစ်တာကြောင့် လက်သည်တွေကလည်း ရှရှီး ခန္ဓာကိုယ်ကို မြင်တဲ့အခါ မအံ့သြကြပေ။ ဒါပေမယ့် ရှရှီး အန္တရာယ်ကင်းကင်းနဲ့ မီးဖွားနိုင်ဖို့အတွက်သာ စိတ်ပူနေကြတာဖြစ်သည်။
နန်းတော်တစ်ခုလုံး ညကြီးမင်းကြီး ထိန်ထိန်လင်းနေပြီး လူတိုင်းက ကလေးငယ်ရဲ့ ပထမဆုံးအော်ငိုသံကိုကြားရဖို့ စိတ်အားထက်သန်နေကြသည်။ ရှရှီး နန်းဆောင်မှာတော့ ပိုတောင် ရှုပ်ရှတ်ခတ်နေသေးသည်။ ရှရှီး ဗိုက်စနာလာကတည်းက အစေခံတွေက ဒူးထောက်ကာ ကောင်းကင်ကို တိုင်တည်ပြီးဆုတွေတောင်းနေကြသည်။
KAMU SEDANG MEMBACA
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)
Fiksi SejarahTitle.....The Little King English translator...PastTimer ""Permission granted from English translator"" English translation link👇🏻👇🏻 https://www.wattpad.com/story/239997376?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_...