အပိုင်း၅၉(Unease)

22.4K 2.5K 114
                                    

Unicode:

ချူးလန်က ဒီရက်ပိုင်း အလုပ်ရှုပ်လာတာကြောင့် သူ့အကြံအစည်တွေကို အကောင်အထည်ဖော်နေပြီဆိုတာ ရှရှီး သိလိုက်ပါပြီ။ စစ်တပ်တွေက ရှ နိုင်ငံကို မကြာခင်ချီတက်လာတော့မယ်ဆိုတာလည်း သူခံစားနေရပါသည်။ ရှ နိုင်ငံက ဆယ်စုနှစ် ၂ ခုစာလောက်ကြာအောင် ချမ်းသာကြွယ်ဝခဲ့တဲ့ နိုင်ငံဖြစ်သည်။ ပထမမျိုးဆက်ရဲ့ ဧကရာဇ်က ပုန်ကန်ထကြွခဲ့သူများရဲ့ ခေါင်းဆောင်ဖြစ်ခဲ့သည်။ လုံ့လဝီရီယရှိပြီး တာဝန်သိတတ်တဲ့ ဧကရာဇ်များစွာလည်း ရှနိုင်ငံကို အုပ်စိုးခဲ့ကြသည်။

ထို့ကြောင့် တိုင်းပြည်က စီးပွားရေးလည်း ဖြစ်ထွန်းအောင်မြင်လာခဲ့သည်။ ရှရှီး ခမည်းတော်ရော၊ထိုအရှေ့က ဘုရင်ရောက ဧကရာဇ်ကောင်းတွေမဖြစ်ခဲ့ကြ။ အကျင့်ပျက်ချစားမှုတွေလည်း များပြားလာခဲ့ပြီး သဘာဝကပ်ဘေးတွေ၊ လူလုပ်ကပ်ဘေးတွေ များစွာကြုံတွေ့ခဲ့ရကာ ပြည်သူလူထုတွေရဲ့ အသက်ရှင်နေထိုင်ရေးတွေကလည်း ခက်ခဲလာခဲ့သည်။

သို့သော်လည်း ထိုဘဝတွေက ခက်ခဲကြမ်းတမ်းနေမယ်ဆိုရင်တောင် အနည်းဆုံးတော့ အသက်ရှင်ခွင့်ရသေးသည်။ စစ်ပွဲဖြစ်ရင်တော့ အသက်တွေဘယ်လောက်သေဆုံးရမယ်မှန်း မသိတော့ချေ။

ထိုသို့တွေးလိုက်တာနဲ့ ရှရှီး မချင့်မရဲ ဖြစ်သွားသည်။ လူရိုင်းတွေက စစ်တပ်တွေကို ပို့မယ်ဆိုရင် သူတို့ရဲ့ ပထမဆုံး ပစ်မှတ်က ဇန်းချန်းဖြစ်လိမ့်မည်။ သူ ထိုနေရာမှာ နေခဲ့ဖူးသည်။ ထိုနေရာက လမ်းများကို လျှောက်ခဲ့ဖူးသည်။ ထိုနေရာမှ လက်ဆောင်ပစ္စည်းတွေလည်း ဝယ်ခဲ့ဖူးသည်။ ထိုနေရာမှ အရာသာရှိတဲ့အစားအစာတွေကိုလည်း ဝယ်စားခဲ့ဖူးသည်။ သူ ထိုနေရာလေးကို သွေးစီးချောင်းတွေဖြစ်သွားမှာကို မမြင်ချင်ပါလေ။ သူ ချူးလန်ကို ဘယ်လိုများ ဖျောင်းဖျရပါတော့မလဲ။

"မား.....မား"

ထိုစဥ်တွင် ထိုအသံလေးက ရှရှီးကို အသိပြန်ဝင်လာစေသည်။ သူကငုံ့လိုက်ပြီး ဘေးနားက သားငယ်လေးကို ကြည့်လိုက်သည်။ ရွဲ့အာက သူ့ကို စိုးရိမ်တကြီးကြည့်လျှက်

"မားဘာဖြစ်နေတာလဲဟင်။ မားစိတ်ထဲမှာ တစ်ခုခုများရှိနေတာလားဟင်"

ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Où les histoires vivent. Découvrez maintenant