30.1K 2.5K 32
Unicode:
ရှရှီး က ရှက်နေပြီး ပြောထွက်ဖို့ငြင်းဆန်နေသည်။ သူက မျက်နှာကို အုပ်ထားလိုက်ပြီး ငိုရှိုက်ကာ တောင်းပန်တော့သည်။ သူ့ခန္ဓာကိုယ်ကလည်း ရေပူဖောင်းကြီးလိုပင် ပျော့ခွေနေပြီဖြစ်သည်။ ချူးလန်က ရှရှီး ကို လွှတ်ပေးလိုက်ပြီး ရှရှီး ခြေထောက်များကို စုလိုက်ကာ သူ့ပစ္စည်းဖြင့် အပြင်ကနေ ပွတ်တိုက်တော့သည်။ ရှရှီး ခြေထောက်တွေက ပျော့ခွေနေပြီး အချစ်ရည်တွေကလည်း လွတ်လွတ်လပ်လပ် စီးကျနေတော့သည်။ ပွတ်ရုံပွတ်နေတာနဲ့ တကယ့်လိင်ဆက်ဆံတာက သိပ်မကွာခြားလှပေ။ထို့ကြောင့် ချူးလန်က နာရီဝက်အကြာမှာ ထုတ်လွှတ်လိုက်တော့သည်။
ကလေးတစ်လပြည့်တဲ့နေ့မှာ မြို့တော်က စားသောက်ပွဲများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။ ရှနိုင်ငံကလည်း သဘောထားကြီးကြောင်း ဖော်ပြတဲ့အနေနဲ့ လက်ဆောင်ပဏ္ဍာန်များကို ပေးပို့ခဲ့သည်။ ပွဲတော်ပြီးတဲ့ဒုတိယမြောက်နေ့မှာ ကလေးကို ဘုရားကျောင်းဆီ ပို့လိုက်ပြီး စုန်းသမားတော်က ကလေးရဲ့ကံဇာတာကို ဟောကြာပေးကာ ကင်ပွန်းတပ်ပေးခဲ့သည်။ ကလေးရဲ့နာမည်က လူရိုင်းဘာသာဖြင့်ဆိုလျှင် ကောင်းကင်က နေမင်းဟု အဓိပ္ပါယ်ရသည်။ လူရိုင်းနာမည်ကို ရှရှီး က ကျင့်သားမရခဲ့ပေ။ သူက ကလေးလေးကိုကျင်းဝူရဲ့ အတိုချုံ့ ကျင်းကျင်းဟုသာ ချစ်စနိုးခေါ်ဆိုခဲ့သည်။
ကလေးငယ်ရဲ့ ဂမ္ဘီရဥာဏ်က အဆုံးမရှိဟု ဆိုသည်။ သူက ဖခင်ဖြစ်သူထက်ပင် ပိုင်နက်များ ပိုမိုချဲ့ထွင်လာနိုင်မည်ဖြစ်ပြီး သူ့ရဲ့ပြည်သူပြည်သားတွေကို ကောင်းချီးတွေယူဆောင်လာပေးနိုင်မည်ဟု ဟောကြားခဲ့သည်။
ရှရှီး က ထိုစကားများကိုကြားတဲ့အခါ သူ့ရင်ထဲ နူးညံ့ပျော်ရွှင်တဲ့ခံစားချက်လေး ဖြစ်ပေါ်လာသည်။ နှစ်တွေကြာလာခဲ့ပေမယ့် ချူးလန်ရဲ့အကြိုက်ကို သူသိနေပါသည်။ သူက နိုင်ငံရေးတွေကို သိပ်စိတ်မဝင်စားပေမယ့်လည်း လူရိုင်းတွေက စစ်သားတွေကို ဦးစားပေးလေ့ကျင့်ပေးပြီး အစားအစာများ စုဆောင်းထားလေ့ရှိကြတာကို သိပါသည်။ ရှနိုင်ငံနဲ့ လူရိုင်းနိုင်ငံနဲ့ နှစ်အနည်းငယ်အတွင်းမှာပင် စစ်ဖြစ်လာနိုင်တယ်ဆိုတာလည်း သူသိပါသည်။ သူ့အမူအရာက တောင့်တင်းနေတော့သည်။ ဒါပေမယ့် သူ့ဘေးမှာရပ်နေတဲ့ချုးလန်က သူသေချာနားမလည်တာထင်နေပြီး တရုတ်ဘာသာစကားဖြင့် ပြန်ရှင်းပြသည်။
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Donde viven las historias. Descúbrelo ahora