အပိုင်း၄၅(The live erotica witnessed)(Mature)

30.3K 2.4K 238
                                    

Unicode:

ချူးလန်က နန်းတွင်းအစောင့်ခေါင်းဆောင်ကို သတင်းတွေရပ်တန့်သွားစေဖို့ စေခိုင်းခဲ့သည်။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ ကောလဟာလတွေက ဆက်ပြီးပျံ့နှံ့နေခဲ့ပြီး လူတိုင်းကလည်း ရှရှီး ဗိုက်ထဲက ကလေးရဲ့ အရင်းအမြစ်ကို ပိုပို၍ သံသယဖြစ်လာကြသည်။ ရှရှီး အတွက်တော့ ထိုသတင်းတွေက အစက အနှောင့်အယှက်မဖြစ်ခဲ့ပေမယ့် ကြာလာတော့ ထိုစကားသံများက သူ့ကို ​ဒုက္ခဖြစ်စေသည်။ ဒါကြောင့် သူက အိပ်ဆောင်ထဲကနေ လဝက်လောက် မထွက်ခဲ့ပေ။ တစ်ခါတလေကျလည်း ခြံနောက်မှာ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်ခင်းထဲကသာ ယူယူစားဖြစ်သည်။

သူ့ဗိုက်က ရှစ်လထဲရောက်နေပြီဖြစ်တဲ့အတွက် နောက်တစ်လဆိုရင်ကို သူက မီးဖွားတော့မှာဖြစ်သည်။ ဗိုက်က ပိုပိုပြီးကြီးလာတာကြောင့် လမ်းလျှောက်ဖို့ အဆင်မပြေတော့ပေ။ ညဖက်တွေဆိုလည်း အိပ်မပျော်တော့ပေ။ ညကြီးအချိန်မတော်နိုးနိုးလာတတ်သည်။ ထိုအချိန်မျိုးဆို ချူးလန်က သူ့ကို အစောင့်အကြပ်တွေ တင်းတင်းချထားတတ်ပြီး သိပ်အရေးမကြီးတဲ့ နိုင်ငံရေးကိစ္စတွေကို စန်းစန်းမုနဲ့သာ လွှဲထားသည်။ သူအားတဲ့အချိန်တိုင်းကို ရှရှီး ကို အဖော်ပြုပေးဖို့သာ သုံးသည်။

သူ့ရဲ့" အဖော်ပြုပေးခြင်း"ဆိုတာ အစကတော့ တကယ်အဖော်ပြုပေးတာ ဖြစ်သော်လည်း နောက်ဆုံးမှာတော့ သူ့ရဲ့" အဖော်ပြုခြင်း"က အိပ်ယာထဲမှာသာ အဆုံးသတ်သည်။ နန်းတွင်းသမားတော်က ရှရှီး ရဲ့အစာအိမ်က လိင်ကိစ္စအတွက် ခဏခဏလုပ်ဖို့ မသင့်တော်ကြောင်းပြောထားတာကြောင့် ချူးလန်က အထဲတော့ မထည့်ပေ။ ရှရှီး အပေါက်လေးရဲ့ ဘေးနားလေးလောက်ကိုသာ ထိကစားလေ့ရှိသည်။

------------

နွေလယ်ခေါင်ဖြစ်တာကြောင့် ရုဒူမှာ အပူဆုံးလဖြစ်သည်။ ရှရှီး က ကိုယ်ဝန်ရှိပြီးကတည်းက အပူကို ကြောက်လာခဲ့သည်။ ဒါကြောင့်သူက အေးတဲ့အဝတ်အစားများကိုသာ ရွေးဝတ်လေ့ရှိသည်။ သူဝတ်ထားတဲ့ အအေးအဝတ်အစားတွေက ရွေ့လျားရတာလည်း ပိုလွယ်သည်။ နူးညံ့တဲ့အဝတ်အစားတွေကို ဖယ်ရှားလိုက်တာနဲ့ အထဲက ဖြူဖွေးနေတဲ့ အသားအရေလေးက အလွယ်တကူ ထွက်ပေါ်လာလေ့ရှိသည်။

ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Where stories live. Discover now