21.5K 3.7K 172
Unicode,
ကိုယ်လုပ်တော်တွေက မနာလို ဖြစ်ခွင့်မရှိပေ။ မျိုးနွယ်စု တူထဲမှာတောင် အထူးသဖြင့် မယားကြီးတွေက အပြစ်ရှာတတ်ကြသည်။ ရှနိုင်ငံရဲ့ မျိုးနွယ်စုတွေရဲ့ ဓလေ့ထုံးတမ်းအစဥ်အလာအရ ဇနီးကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် စိတ်သဘောထားကောင်းမွန်မြင့်မြတ်နေရမည် ဟု ပြောဆိုထားသည်။ ခင်ပွန်းဖြစ်သူအတွက် ကိုယ်လုပ်တော်တစ်ယောက်ရွေးချယ်ပေးခြင်းကလည်း ကောင်းမွန်တယ်လို့ ယူဆကြသည်။ ခင်ပွန်းဖြစ်သူက ကိုယ်လုပ်တော်တစ်ယောက်ကို လက်ထပ်ချင်တယ်ဆိုရင်တောင် ဇနီးသည်ကို ငြင်းဆန်ဖို့ ခွင့်မပြုပေ။ ရှ နိုင်ငံမှာ ခင်ပွန်းသည်းက ဇနီးသည်ကို တိုက်ရိုက်ကွာရှင်းပစ်လိုက်လို့ ရသည်။ ပစ္စည်းဥစ္စာများတောင် ပြန်ပေးစရာမလိုပါ။
ထိုစည်းမျဥ်းများအားလုံးကို "ဇနီးသည်လိုက်နာရမည့်ကျင့်ဝတ်များ" ဆိုသည့်စာအုပ်၌ ပြဌာန်းထားသည်။ မိသားစုတိုင်းနီးပါးမှာ ထိုစာအုပ်ရှိကြပြီး နန်းတော်ထဲမှာလည်း ထိုစာအုပ်များစွာရှိသည်။ ကိုယ်လုပ်တော်တိုင်းတွင်လည်း တစ်အုပ်စီရှိကြပြီး လတိုင်း ဖတ်ရမည်ဟုလည်း ပါရှိသည်။
သူတို့တွေက ထိုစာအုပ်နှင့် ရင်းနှီးကျွမ်းဝင်ရှိနေရပြီး စာအုပ်ပါအကြောင်းအရာများကိုလည်း မှတ်မိနေရမည်။ ရှရှီး လည်း ထိုစာအုပ်ကို အကြိမ်များစွာဖတ်ဖူးထားသည်။ သူ လက်ထပ်ဖို့ လာခဲ့တုန်းကတောင် နန်းတော်က သူ့ကို စည်းမျဥ်းများနှင့်အညီလုပ်ဆောင်နိုင်ရန် တစ်အုပ်ပေးခဲ့ပြီး ထိုစာအုပ်က အခုထိ သူ့သေတ္တာထဲမှာ ရှိနေသေးသည်။
စည်းမျဥ်းများကို ပြန်စဥ်းစားရင်း ရှရှီး သူ့ကိုယ်သူ မနာလိုမဖြစ်မိစေဖို့ သတိပေးလိုက်သည်။ ချူးလန်က သူ့ကို ချစ်မြတ်နိုးတယ်ဆိုတာနဲ့ပဲ သူ့ရဲ့ဆင်ခြင်တုံတရားတွေ ပျောက်ကွယ်သွားရမယ်လို့မဆိုလို။ စဥ်းစားကြည့်မယ်ဆိုရင် သူ့လို ဒွိလိင်တစ်ယောက်နဲ့ လက်ထပ်ထားရုံနဲ့ ချူးလန်က ကျေနပ်နိုင်ပါမတဲ့လား။
ဘုရင့်အိမ်တော်က မျိုးနွယ်စုတွေတောင် လုပ်ကြတဲ့ အရာမျိုးကို သူဘယ်လို ပိတ်ပင်လို့ရပါ့မလဲ။ ချူးလန်ရဲ့ မိဘများဆိုလည်း တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြသည်ဟု ကြားဖူးသည်။ ဒါတောင် ချူးလန်ခမည်းတော်က ရွဲ့လင်အာအပြင် ကိုယ်လုပ်တော်နှစ်ယောက် လက်ခံခဲ့သေးတာပဲ။
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Donde viven las historias. Descúbrelo ahora