အပိုင်း၂၇.၁/အပိုင္း၂၇.၁(The girl's spring)

30.7K 2.5K 112
                                    

Unicode:

ချူးလန်က လိင်ကိစ္စတွေနဲ့ပတ်သတ်ပြီး သူ့ကိုယ်သူ ထိန်းချုပ်ထားတယ်ဆိုပေမယ့် ရှရှီး ကတော့ လိုက်မမှီပေ။ အနည်းဆုံးသက်လုံပိုင်းနဲ့ပတ်သတ်လျှင် ရှရှီး ချူးလန်နဲ့ ယှဥ်လို့ပင် မရချေ။ သူက ညဖက်အချိန်မတော်အထိ လူးလွန့်နေရတာကြောင့် မနက်ရောက်လျှင် မထနိုင်ပေ။ ဒါက ဆောင်းတွင်းရောက်လျှင် ပိုမိုသိသာလာသည်။ ဆယ်ရက်မှာ ၂ ရက်၊ ၃ ရက်လောက်က အိပ်ယာကနေ ကြိုးစားရုန်းကန်ထ နေရတာဖြစ်နေပြီး တခါတလေ ချူးလန်ထပြီးတာတောင် သူက အိပ်မက်မက်လို့ကောင်းနေဆဲဖစ်သည်။

ဒါအတွက်ကြောင့် ရှရှီး အရမ်းအားနာရသည်။ လူရိုင်း တို့ရဲ့ ရိုးရာတွေက ရှချောင်ဆီမှာနဲ့မတူပေ။ ချူးလန်ကို ပြုစုပေးမယ့် အစေခံတွေ၊ မိန်းမစိုးတွေအုပ်စုလိုက် သပ်သပ်ထားရှိတာမျိုး မရှိပေ။ ဒါကြောင့် လက်ထပ်ပြီးနောက်မှာ ရှရှီး ကိုယ်တိုင်က ချူးလန်ရဲ့ ဝေယျာဝေစ္စ တွေကို လုပ်ပေးရသည်။ သူကချူးလန်ထက် စောစောထရမှာ ဖြစ်ပြီး ချူးလန်ကို သန့်စင်ပေး၊ ဆံပင်ဖြီးသင်ပေး၊ အဝတ်အစားလဲပေးတာတို့ လုပ်ပေးရမှာ ဖြစ်သည်။

ချူးလန်က သူ့ကို တစ်ခါမှ အပြစ်မတင်ဖူးသော်လည်း ရှရှီး ကတော့ ညဖက်အိပ်မပျော်ခင် နောက်နေ့မနက်တော့ အပျင်းတစ်မနေဘဲ စောစောထရမည်ဟု သူ့ကိုယ်သူ သတိပေးထားသည်။ ဒါပေမယ့် ညသန်းခေါင်ထိ ချူးလန်နဲ့ လုပ်ပေးရတာကြောင့် သေလောက်အောင်ပင်ပန်းပြီး မနက်ဆို မထနိုင်တော့ပေ။

ချူးလန်ကအရင်တုန်းက သူ့ကိစ္စတွေကို လုပ်ပေးဖို့ ရှရှီး ကို စောင့်လေ့ရှိသည်။ ရှရှီး သူ့ကို အလေးအနက် မျက်နှာသစ်ပေးတာကို နှစ်သက်သည်။ သွားတိုက်ပေးတာကို နှစ်သက်သည်။ သူ့ဆံပင်တွေ ဖြီးသင်ပေးတာကိုလည်း သဘောကျသည်။ သူ့ကို အဝတ်အစားဝတ်ပေးတာကိုလည်း သဘောကျသည်။ ဒါပေမယ့် နောက်ပိုင်းသူနားလည်လာတာက ရှရှီး က ဘယ်တော့မှ အိပ်ရေးမဝဘူးဆိုတာပင်။ ဒါကြောင့် သူက ရှရှီး ကို နှိုးဖို့ မကြိုးစားရုံမက ခြေသံဖွဖွလေးနင်းကာ သူ့ဘုရင်မလေးကို မနှောင့်ယှက်မိအောင် ကြိုးစားသည်။

ချူးလန်က ပုံမှန်ထနေကျအချိန်ဆို နိုးနေတတ်ပြီး ထိုအချိန်တွင် အခန်းထဲက ဖယောင်းမီးက ငြိမ်းနေပြီဖြစ်သည်။ အခန်းပြင်ဖက်က မီးများကတော့ လင်းထိန်နေပြီး အခန်းတွင်းမှာ မီးရောင်မှိန်မှိန်လေး ယှက်ဖြာနေသည်။ ဒါက သူ့ဘေးက လူသားလေးကို မြင်ရဖို့ ချူးလန်အတွက် လုံလောက်ပါသည်။

ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Donde viven las historias. Descúbrelo ahora