အပိုင်း၃၆(ပူနွေးသောလျှာ)အပိုင္း၃၆(ပူႏြေးေသာလွ်ာ)(Mature)

33.7K 2.4K 47
                                    

Unicode:

ရှရှီး ညနေအထိ အိပ်ပျော်သွားသည်။ အခန်းက နွေးထွေးနေပြီး သူတို့ဆက်ဆံခြင်းကြောင့် ထွက်ပေါ်လာတဲ့ အနံ့ဆိုးတွေလည်း ပျောက်ကုန်ပြီဖြစ်သည်။ ဒါပေမယ့် ရှရှီး ခန္ဓာကိုယ်ပေါ်က ခြေရာလက်ရာများကတော့ မပျောက်ပျက်သေးပေ။ သူ့နှုတ်ခမ်းတွေကလည်း ယောင်ကိုင်းနေပြီး လည်ပင်းတွင်လည်း အနီရောင်အမှတ်အသားများ ရှိနေသည်။ အဝတ်အစားအောက်တွင် အမှတ်အသားများက ပိုများသည်။ သူ့ရဲ့ အပေါက်လေးနှစ်ပေါက်ကလည်း ယောင်ကိုင်းနေတော့သည်။

သူနိုးလာပြီးတဲ့နောက် လန်းဒိုအာက အစာကြေလွယ်တဲ့ စားစရာတွေကို ယူလာပေးသည်။ ရှချွင်းက စားပွဲမှာထိုင်ကာ လက်ရေးကျင့်နေသည်။ ရှရှီး စားလို့ပြီးတဲ့အခါ ရှချွင်းက လက်ဖက်ရည်တစ်ခွက် ငှဲ့ထည့်ပေးသည်။ ရှရှီး က သူ့ရဲ့ ခေါင်းလေးကို ပုတ်လိုက်ပြီး

"လိမ္မာလိုက်တာ"

သူက လက်ဖက်ရည်ကို သောက်လိုက်သည်။ ဒါပေမယ့် ချွင်းအာက ထွက်မသွားသေးဘဲ မျက်မှောင်ကြုတ်ကာ သူ့လည်ပင်းကို စိုက်ကြည့်နေသည်။ ရှရှီး ရှက်ရှက်နဲ့ အမြန်ဖုံးထားလိုက်သည်။ ကလေးငယ်က ရုတ်တရက် စားပွဲဆီ ပြေးသွားကာ သစ်သားစားပွဲပေါ်မှာ စုတ်တံနဲ့ စာအချို့ရေးပြီး ရှရှီး ရှေ့ကို ယူလာပြသည်။

သစ်သားပေါ်မှာ ရေးထားတဲ့ စကားလုံးတွေက နည်းနည်း ကပျက်ကချော်နိုင်ပေမယ့် ရှရှီး က အဓိက စကားလုံးတွေကို ဖတ်ကြည့်လိုက်တော့

"သူက လူဆိုးလား" ဟူ၍ ဖြစ်သည်။

ရှရှီး ရယ်ချင်သွားသည်။ ဒါပေမယ့် ကလေးက အတည်ကြီးမေးနေတာကြောင့် သူလည်း အတည်ကြီး ပြန်ဖြေရတော့သည်။

"သူက လူဆိုးမဟုတ်ပါဘူး။ သူက လူရိုင်းတိုင်းပြည်ရဲ့ ရှင်ဘုရင်ပါ။ နောက်ပြီး ငါ့ရဲ့ ခင်ပွန်းသည်"

ရှချွင်းက ထိုစကားလုံးများကို သေချာနားမလည်ပေ။ ရှရှီး က အနိုင်ကျင့် ခံရတယ်လို့သာ ထင်နေတာကြောင့် သူက လက်သီးကို ကျစ်ကျစ်ဆုပ်ထားသည်။ ရှရှီး လည်း လက်ကို ဆန့်ထုတ်လိုက်ကာ ကလေးကို ပေါင်ပေါ်မှာ ပွေ့ထားရင်း

ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Dove le storie prendono vita. Scoprilo ora