Extra1.The crybaby prince and his princess

27K 2.4K 95
                                    

Unicode:

"အငိုသန်သောမင်းသားလေးနှင့် သူ၏ မင်းသမီးလေး"

မြို့တော်ရဲ့ ရာသီဥတုက ဆောင်းရာသီဆိုလျှင် စိုထိုင်းနေတတ်သည်။ အဆက်မပြတ်မိုးရွာသွန်းမှုက လူတွေရဲ့မျက်နှာပေါ်မှာ မြူနှင်းလေးတွေပေါ်ပေါက်စေသည်။ အေးစက်တဲ့လေတွေကဆိုလျှင် လူတွေရဲ့အရေပြားတစ်လွှာကိုပင် ဆွဲခွာစေနိုင်လောက်သည်အထိ အေးစက်သည်။ အရိုးထဲထိစိမ့်နေအောင်အေးတာကြောင့် ရုဒူမှာထက်ပင်ပိုပြီးအေးနေသည်ဟု လူတွေကို ထင်မှတ်လာစေသည်။ ထိုအေးစက်မှုကိုတော့ မင်းသား ဇန်းရှုက လေးနှစ်ကြာအောင်ကြုံတွေ့လာခဲ့ပြီးဖြစ်သည်။

(ဇန်းရှု=ကျင်းအာ။ )

ချူးလန်က အရှေ့ပိုင်းကို စစ်သည်တွေပို့လွှတ်လိုက်ပြီးနောက် ရှတစ်နိုင်ငံလုံးကိုသိမ်းပိုက်ရန် လေးနှစ်ကြာမြင့်ခဲ့သည်။ ထို့နောက်​တွင်သမိုင်း၌ ရှနိုင်ငံက လူရိုင်းပိုင်နယ်မြေများတွင် အကြီးဆုံးသိမ်းပိုင်နယ်မြေဖြစ်လာတော့သည်။ရှမင်းဆက်ကို ဖြုတ်ချလိုက်ပြီးနောက် ချူးလန်က မင်းဆက်အသစ်ကိုဖန်တီးခဲ့ကာ မြို့နာမည်ကိုလည်း လန်ဟုပြောင်းလဲခေါ်ဆိုခဲ့သည်။

လန်က မြို့တော်ကိုပြောင်းရွေ့ခဲ့ပြီးနောက် အကျင့်ပျက်ခြစားမှုတွေကို ရှင်းထုတ်ပစ်ကာ အစိုးရအသစ်တည်ထောင်ခဲ့သည်။ အစိုးရအသစ်ဖွဲ့ပြီးတစ်နှစ်အကြာတွင် နန်းတော်စာမေးပွဲများကိုလည်း ပြန်လည်စတင်ခဲ့သည်။ ရှလူမျိုးများရော၊ လူရိုင်းလူမျိုးများပါ ပါဝင်ဖြေဆိုနိုင်သည်။

ပြည်သူတွေရဲအခွန်တွေလည်း လျော့ကျကုန်သည်။ လူရိုင်းတွေရဲ့ အတင်းအဓမ္မလူယူခြင်း၊ ခိုးယူခြင်းတွေကိုလည်း ပြင်းထန်စွာအပြစ်ပေးခဲ့တာကြောင့် တစ်နိုင်ငံက အေးအေးချမ်းချမ်းရှိပြီး ပြည်သူတွေကလည်း ငြိမ်းငြိမ်းချမ်းချမ်းရှိကြသည်။

အမှန်တော့ သာမန်ပြည်သူတွေအတွက်တော့ သူတို့ဘုရင်ကဘယ်သူပဲဖြစ်နေပါစေ၊ သူတို့ဘဝတွေပိုမိုကောင်းမွန်လာသည့်အတွက် သူတို့အတွက်တော့ အထူးတလည်မခံစားရပေ။မြို့တော်ရဲ့လူဦးရေကလည်း ထူထပ်လာသည်။ ရုဒူရဲ့ ဆယ်ဆလောက်ပင် လူဦးရေထူထပ်သွားသည်။ ညအချိန်မျိုးတွင်တောင် လမ်းပေါ်တွင်လှည့်ပတ်သွားလာနေသော လူအများအပြားကို တွေ့နိုင်သည်။ စျေးသည်များကလည်း ကုန်ပစ္စည်းများကို ချခင်းထားကာ ဆိုင်းဘုတ်များ​​ပေါ်တွင် စာများရေးထားကြသည်။ ထိုအထဲတွင်မှ ဆိုင်တစ်ဆိုင်၏ ဆိုင်းဘုတ်ကတော့........ မသန့်ရှင်းလှဘဲ အစွန်းအထင်းများဖြင့် ညစ်ပေလျှက်ရှိသည်။ ဤသည်မှာ ထိုဆိုင်က ဖွင့်လာတာ ဘယ်လောက်တောင် ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြနေသလိုပင်။

ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Opowieści tętniące życiem. Odkryj je teraz