26.2K 3.3K 14
Unicode:
ရှရှီးက သူ့မိခင်ရဲ့စာကို ဖတ်​ကြည့်လိုက်သည်။စာထဲမှာ ဒီစာကို ရေးနေစဥ် မယ်တော်က နေသိပ်မကောင်းကြောင်းရေးထားသည်။ သူဖတ်နေတာ စာကြောင်းဆုံးသွားပေမယ့် သူကဒီစာကိုပဲ အထပ်ထပ်ပြန်ဖတ်နေမိသည်။ သူ့မယ်တော်ရဲ့ လက်ရေးလေး။ အရင်တုန်းကအတိုင်းပဲ။ ဒါပေမယ့် စုတ်ချက်တွေက အားပျော့နေပြီး အဖျားနားတွေက ယိုင်နေသည်။
ရှရှီးက အမြဲထိန်းထိန်းသိမ်းသိမ်းနေပေမယ့် အခုတော့ သူ့နှလုံးသားထဲက ဝမ်းနည်းမှုတွေကို ထိန်းမထားနိုင်တော့​ပေ။ မယ်တော် က နေမကောင်းတာကို အကြောင်းပြ၍ သူ့ကို ပြန်လာစေချင်လို့ အခုလို စာရေးပေးတာမဖြစ်နိုင်​။ နောက်ပြီး ရှဟွေ ရဲ့စာထဲမှာ ပထမအကြောင်းမှာတင် သူ့ရဲ့မယ်တော် ဆုံးပါးသွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ရှဟွေ က ရက်စွဲနဲ့အတိအကျ ဖော်ပြထားသည်။ ဒီရက်စွဲအရဆိုရင် မယ်တော် ဆုံးတာ ၃ လ ရှိ​ပြီ။
ရှရှီးက မြေပြင်ပေါ် လဲကျသွားပြီး မျက်ရည်တွေကလည်း ပါးပေါ် တလိမ့်လိမ့် ဆင်းလာသည်။ စိုင်ဝှမ်းက ရှရှီးကို အခုလို ဝမ်းပန်းတနည်းပုံစံနဲ့ တစ်ခါမှ မမြင်ဖူး​ခဲ့။ သူတို့ ဒီကို လာရတုန်းကတောင် သူမကသာ တောက်လျှောက်ငိုနေခဲ့တာဖြစ်ပြီး ရှရှီးက တည်တည်ငြိမ်ငြိမ်နဲ့ သူမကိုတောင် နှစ်သိမ့်ပေးခဲ့သေးသည်။ အခုတော့ ရှရှီးက အသည်းအသန်ငိုကြွေးနေတော့ သူမ အရမ်းစိတ်ပူလာသည်။ဒါပေမယ့် ဘေးနားကနေ ဖျောင်းဖျပေးဖို့ပဲ တတ်နိုင်​လေသည်။
ချူးလန်က သံတမန်တွေနဲ့ တွေ့ပြီးနောက် လက်ထဲမှာ ပစ္စည်းတွေကိုင်ကာ ရှရှီးနဲ့တွေ့ဖို့ နန်းတော်ဆီပြန်လာခဲ့သည်။ နန်းတော်နားနီးတဲ့အချိန်မှာ စိုင်ဝှမ်းရဲ့ ဝမ်းပန်းတနည်းအသံကြီးကို ကြားလိုက်ရသည်။ သူအံ့သြသွားပြီး အမြန်ပြေးလာလိုက်တော့ ရှရှီးက အသည်းအသန်ငိုကြွေးနေတာကို တွေ့လိုက်ရသည်။ သူလန့်သွားပြီး စိုင်ဝှမ်းကို အလောတကြီးမေးလိုက်သည်။
"ဘာဖြစ်တာလဲ။ ဘာဖြစ်လို့ ရှရှီးက ငိုနေရတာလဲ.."
စိုင်ဝှမ်းက အလန့်တကြားထခုန်လိုက်သည်။ သူ့ကို မြင်တဲ့အခါ သူမမျက်နှာက နီရဲနေပြီး ဘာစကားမှ မပြောနိုင်​။ ရှရှီးက သတိပြန်ဝင်လာပြီး မျက်ရည်တွေကို အမြန်သုတ်လိုက်ကာ ချူးလန်ကို ပြုံးပြလိုက်သည်။
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Where stories live. Discover now