Unicode:
ရှ နိုင်ငံရဲ့ နန်းတော်ထဲတွင် ကိုယ်လုပ်တော်များစွာရှိသည်။ လက်ရှိဧကရာဇ်(ရှရှီး ခမည်းတော်)က ချောမောတာကြောင့် ရှေးယခင်က ဧကရာဇ်များထက်ပို၍ မောင်းမဆောင်ထဲတွင် အချောလေးများ ပေါများသည်။ အမြင့်ကိုပျံသန်းနိုင်ဖို့အတွက် မိန်းမလှလေးတွေက သူတိူ့ရဲ့ ဂုဏ်သိက္ခာကိုစွန့်ပစ်ပြီး ဧကရာဇ်ကို ဆွဲဆောင်ကြသည်။ အောင်မြင်တဲ့သူများရှိသလို၊ ရှုံးနိမ့်တဲ့သူလည်း အများအပြားရှိသည်။ ရှရှီး က နန်းတော်ထဲမှာ ကြီးပြင်းခဲ့တာကြောင့် ဒီလိုကိစ္စမျိုးတွေကို ကြားဖူးသည်။ ပိုထူးဆန်းတာက အချို့သော ကိုယ်လုပ်တော်များက သူတို့မျက်နှာရဖို့အတွက် ငယ်ရွယ်ပြီးလှပတဲ့ မိန်းမလှလေးတွေကို ဧကရာဇ်ဆီ ကိုယ်တိုင်ဆက်သလေ့ရှိကြသည်။
သူတို့က ငယ်ရွယ်လှပတဲ့ မိန်းမပျိုလေးတွေကို သူတို့ဘက်တော်သားဖြစ်အောင် လုပ်ထားကြပြီး သူတို့အသက်ကြီးလာတဲ့အခါ မင်းကြီးအိပ်ယာပေါ်မှာ ခစားဖို့ သူတို့က ညွှန်ကြားသည်။
မောင်းမဆောင်ထဲမှာ နေရာရဖို့ လုကြရင်းကနေ ထူးဆန်းတဲ့မဟာမိတ်တွေလည်း ဖြစ်တည်လာသည်။ မင်းကြီးနဲ့အိပ်ဖို့ မိန်းမငယ်လေးတွေ ပို့တာအောင်မြင်သွားရင် သူတို့အတွက် ကာကွယ်ပေးတဲ့ အလွှာတစ်လွှာ ရလိုက်တာနဲ့ အတူတူပင်ဖြစ်သည်။ နောက်ဆုံးတော့ မောင်းမဆောင်ထဲမှာ မိန်းကလေးတွေများလာပြီး ဧကရာဇ်ကလည်း အဟောင်းကိုပယ်ကာ အသစ်လေးတွေကို အကြိုက်တွေ့လာသည်။
ဒါကြောင့် သူစိမ်းထက်စာလျှင် ငယ်ရွယ်လှပပြီး ကိုယ်နဲ့ရင်းနှီးတဲ့ မိန်းကလေးငယ်မျိုးကို ကိုယ်လုပ်တော်များက ရှာဖွေကြသည်။ မြင့်မြတ်တဲ့ ကိုယ်လုပ်တော်တွေက လှပပြီး နောင်တစ်ချိန်မှာလည်း သူတို့ကသာ သခင်မအဖြစ် အုပ်စိုးနိုင်မယ့် court lady များကို ရှာဖွေကြသည်။
သခင်မများကသာ ဒီလိုတွေးကြတာမဟုတ်ဘဲ အစေခံများကလည်း ထိုနည်းအတိုင်းစဥ်းစားကြသည်။ ဒါကြောင့် နန်းတော်ထဲမှာတော့ မြူဆွယ်တတ်တဲ့ အစေခံမျိုးက စက်ဆုပ်ရွံရှာစရာတစ်ခုမဟုတ်တော့ဘဲ ဆန့်ကျင်ဖက်အားဖြင့် သူတို့ နန်းတော်ထဲဝင်လာကတည်းက ဒီလိုနည်းလမ်းမျိုးကို သိရှိပြီးဖြစ်ပြီး ထိုနည်းလမ်းက

أنت تقرأ
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)
أدب تاريخيTitle.....The Little King English translator...PastTimer ""Permission granted from English translator"" English translation link👇🏻👇🏻 https://www.wattpad.com/story/239997376?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_...