"အခြားသူတွေနဲ့အိပ်ယာတစ်ခုတည်းသုံးတာခွင့်မပြုဘူး!"Unicode:
ကလေးရဲ့ ဆံပင်တွေက အရမ်းညစ်ပတ်နေတာကြောင့် ရှရှီး သူမဆံပင်တွေကို ဖြည်လိုက်ပြီး သေချာလေး သန့်စင်ပေးလိုက်သည်။ နှံနှံ့စပ်စပ် ဆေးကြောပေးပြီးတဲ့နောက် သူမက သာမန်မိန်းကလေးများနဲ့ ကွဲပြားသည်။ သူမမျက်ခုံးမွှေးတွေက ထင်ရှားသည်။ ရှရှီး သူမကို ထိုင်ခုံပေါ်သယ်လာလိုက်ပြီး သူမအတွက် ထုတ်ပေးထားတဲ့ မိန်းကလေးအဝတ်အစားများကို ဝတ်ပေးဖို့လုပ်ပေမယ့် ကလေးငယ်က ခေါင်းမာစွာပင် ရှောင်ကြဥ်နေသည်။ ရှရှီး လည်း မတတ်နိုင်တော့ဘဲ သူမကိုကြီးမားတဲ့ ယောက်ျားလေးအဝတ်အစားတွေ ဝတ်ပေးတော့မှ သူမက စိတ်ပါလက်ပါ ဝတ်ဆင်တော့သည်။
သူမရဲ့ ဆံပင်တွေကို ခြောက်အောင်သုတ်ပေးပြီးနောက် ရှရှီး သေချာစဥ်းစားပြီး သူမကို မေးလိုက်သည်။
"မင်း ငါနဲ့လိုက်ခဲ့ချင်လား"
ဒီလိုကလေးမျိုးက စွန့်ပစ်ကျောင်းမှာ ဆက်နေခဲ့မယ်ဆိုရင်တောင် သူမအတွက် တော်တော်လေး ခက်ခဲလိမ့်မည်။ သူမပုံစံက ရှ လူမျိုးပုံ တော်တော်လေးပေါက်တာကြောင့် လူရိုင်းတွေက သူမကို မွေးစားချင်မှာ မဟုတ်ပေ။ ရှရှီး သူမကို မြင်တဲ့အခါ ဒီလိုအကြံကိုပဲ စဥ်းစားမိသည်။ ကလေးမလေးက သူ့စကားကို ကြားတဲ့အခါ ခေါင်းငုံ့ကာ သကြားလုံးကို ငုံ့စားနေရင်း ခေါင်းကို ဖြည်းဖြည်းချင်းညိတ်ပြသည်။
ရှရှီး က လူရိုင်းပြည်ရဲ့ ဘုရင်မတစ်ပါးဖြစ်တာကြောင့် ကလေးတစ်ယောက်ကို သူ့ဖက်ကနေ ခေါ်သွားလျှင် လွယ်ကူသည်။ ရွဲ့လင်အာကတောင် သူ့အပြုအမူတွေက ညှာတာထောက်ထားတတ်တယ်ဆိုပြီး ကလေးကို သူခေါ်သွားမှာကို ထောက်ခံသည်။
သူမက ရှရှီး နဲ့ ဆယ်ရက်ကျော်နေခဲ့သော်လည်း စကားတစ်ခွန်းမှ မပြောပေ။ နောက်ဆုံးတော့ ရှရှီး က သူမ စကားမပြောတတ်တာလို့ မှတ်ယူလိုက်တော့သည်။ သူမက သူ့ကို နာမည်ပြောမနိုင်ဘူးဆိုတာကို အတည်ပြုပြီးတဲ့နောက် ရှရှီး က
"ငါမင်းကို ငါ့နောက်ဆုံးနာမည်ကို ခေါ်မယ်လေ။ ရှ....."
သူ ပြတင်းပေါက်အပြင်ဖက်ကို ကြည့်လိုက်ပြီး ထောင့်စွန်းဖက်က အတက်အညှောင့်ထွက်နေတဲ့ အပင်လေးကို ကြည့်ကာ တခစ်ခစ်ရယ်လိုက်ရင်း
BẠN ĐANG ĐỌC
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)
Tiểu thuyết Lịch sửTitle.....The Little King English translator...PastTimer ""Permission granted from English translator"" English translation link👇🏻👇🏻 https://www.wattpad.com/story/239997376?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_...