Unicode:
ရှရှီး က ဘုရင်မတစ်ပါးဖြစ်နေဆဲ ဖြစ်ပြီး သူက လူရိုင်းတွေကြားမှာ အတော်လေးမြင့်မြတ်တဲ့တည်ရှိမှုဖြစ်သည်။ ဘုရားကျောင်းထဲမှာတောင် ရှရှီး ကို လေးစားကြသူအများအပြားရှိသည်။ သို့သော်လည်း ရှရှီး လိုက်နာရသည့် စည်းများအများအပြားလည်းရှိသည်။ ဥပမာ၊ သူက ဘုရားကျောင်းရဲ့ အဓိကခန်းမထဲကို ဝင်ခွင့်မရှိသလို ဘုရားကျောင်းထဲကလည်း ထွက်သွားခွင့်မရှိဆိုတာတို့။ ဘုန်းတော်ကြီးမဟုတ်တဲ့ အခြားယောကျာ်းသားများနဲ့လည်း စကားပြောခွင့်မရှိတာတို့။
ရွဲ့လင်အာလိုလည်း ကြမ်းတမ်းတဲ့အလုပ်တွေအများကြီး သူ မလုပ်နိုင်ပေ။ သို့သော်လည်း သူက ခေါင်းမာစွာနဲ့ ကူညီပေးနေဆဲ ဖြစ်သည်။ ရွဲ့လင်အာက နောက်ဆုံးတော့ သူ့ကို အဝတ်စတွေ ပေးလာပြီး အန်းအာယွမ်က ကလေးတွေအတွက် အဝတ်တွေ ချုပ်လုပ်ခိုင်းလိုက်တော့သည်။
ဒါကြောင့် ရှရှီး နဲ့ရှရှီး အစေခံတွေ အလုပ်ရှုပ်ကုန်ကြတော့သည်။ သူတို့က အဝတ်များကိုသာမက၊ ဆောင်းတွင်းတစ်တွင်းလုံးဖူလုံစေမယ့် ဖိနပ်တွေ၊ အရုပ်တွေကိုပါ ပြုလုပ်ပေးဖြစ်သည်။ ရှရှီး ရဲ့ ခြံဝင်းထဲကို အမျိုးသားများ ဝင်လာခွင့်မရှိသော်လည်း အမျိုးသမီးအများစုကတော့ ဝင်ခွင့်ရှိသည်။ သူနေတာကြာလာတာနဲ့အမျှ အန်းအာယွမ်က ကလေးမလေးတွေက သူ့ဆီလာပြီး အတူတူကစားလေ့ရှိကြသည်။
မိန်းကလေးငယ်အများစုက စွန့်ပစ်ခြင်းခံခဲ့ရတာ ဖြစ်ပြီး အကြီးဆုံးတွေက ရှစ်နှစ်လောက်ဖြစ်ပြီး အငယ်ဆုံးတွေက သုံးနှစ်ကျော်လေးတွေသာ ရှိအုံးမည်။လူရိုင်းတွေရဲ့ ကလေးလေးတွေက အရမ်းချစ်ဖို့ကောင်းသည်။ မျက်လုံးကြီးကြီး၊ မျက်တောင်ရှည်ရှည်တွေနဲ့ သူတို့ရဲနက်မှောင်တဲ့ မျက်လုံးမျက်ဆံတွေက အမြဲတမ်းပြုံးရယ်နေကြပြီးသစ်လွင်တဲ့ ခံစားချက်ကို ပေးစွမ်းသည်။
သူတို့ ရှရှီး ကို ပထမဆုံးအကြိမ်တွေ့တုန်းက သူတို့က သူ့ကို အနည်းငယ်တော့ ကြောက်ရွံ့ကြသည်။ သူက ဘုရင့်ရဲ့ ဧကရီဆိုတာ သိတာကြောင့် သူတို့က အဝေးကနေသာ မဝံ့မရဲ ကြည့်ရဲကြသည်။ သူ့ကို လူကြီးလေးတွေလိုပင် ဦးညွတ်အရိုအသေကြသည်။
ESTÁS LEYENDO
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)
Ficción históricaTitle.....The Little King English translator...PastTimer ""Permission granted from English translator"" English translation link👇🏻👇🏻 https://www.wattpad.com/story/239997376?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_...