အပိုင်း၂၂.၁(ထားသွားခံရခြင်း)အပိုင္း၂၂.၁(ထားသြားခံရျခင္း)

27.6K 2.7K 35
                                    

Unicode:

ထိုည ချူးလန် ပြန်လာပြီးနောက် လူအားလုံးက အလုပ်ရှုပ်နေကြပြီး ရှရှီး လည်း နိုးလာခဲ့သည်။ အောက်ထပ်ကိုဆင်းလာပြီး ခြံဝင်းနောက်ကို ဆင်းလာတော့ လူတွေက ပစ္စည်းတွေကို အထဲသို့ ထည့်နေကြတာကို တွေ့လိုက်ရသည်။ ကုန်ပစ္စည်းများထည့်ထားတဲ့ လှည်းက ငါးစီးရှိနေပြီး ရှရှီး က အံ့သြသွားသည်။

သူတို့ကုန်သည်တွေအဖြစ်ဟန်ဆောင်ထားသော်လည်း ဒီလောက်ကြီးအထိ လုပ်ပြစရာမှ မလိုတာ။ သူအံ့သြနေတုန်းမှာ ချူးလန်က သူ့ရှေ့ရောက်လာပြီး သူ့လက်ကိုဆွဲကာ လှည်းတွေရှေ့ စိတ်လှုပ်ရှားစွာနဲ့ ခေါ်သွားသည်။ ချူးလန်က အိတ်တစ်လုံးကို ဖြည်လိုက်ပြီး အထဲကပစ္စည်းများကို ပြကာ

"ကိုယ်ဒါကို မင်းအတွက်ဝယ်ခဲ့တာ။ မင်းကြည့်။ ကြိုက်လား။ အခြားဘာတွေလိုချင်သေးလဲ"

အိတ်ထဲတွင် ဆန်စေ့များရှိနေပြီး ရှရှီး လည်း အံ့သြသွားသည်။ ချူးလန်က သူ့ကို လက်ဝတ်ရတနာတွေပါတဲ့ အိတ်တွေ တစ်အိတ်ပြီးတစ်အိတ်လိုက်ပြသည်။ ချူးလန်က အများကြီးဝယ်ခဲ့သည်။ ဆန်အမျိုးအစားတင် ၇ မျိုး၊ ၈ မျိုးလောက်ရှိသည်။ အခြားစိုက်ပျိုးရလွယ်ကူသော အစေ့အိတ်များလည်း ပါရှိသည်။ ချူးလန်က အစေ့များအပြည့်ပါတဲ့ စက္ကူဖြင့် ထုတ်ပိုးထားသော အိတ်များကို သူ့ကို ပြသည်။ စက္ကူအိတ်ပေါ်တွင် နာမည်အမျိုးမျိုးရေးထားသည်။

နောက်ပြီး ငေးမောချင်စရာကောင်းလှတဲ့ ရွှေတွေ၊ ငွေတွေ၊ ပုလဲတွေ၊ ပိုးတွေ၊ ဖဲတွေ ..........လည်း ပါရှိသည်။ ရှရှီး က သတိလက်လွတ်ဖြစ်နေပြီး ခဏအကြာမှ အသိပြန်ဝင်လာကာ

"ဒါ......ဒါတွေအကုန်လုံးက ကျနော့်အတွက်လား"

ချူးလန်က ခေါင်းညိတ်ပြပြီး

"ကြည့်အုံး....ဘာလိုနေသေးလဲ"

ရှရှီး နှလုံးသားလေးနွေးထွေးသွားပြီး ခေါင်းယမ်းပြကာ အပြုံးဖျော့ဖျော့လေးပြုံးလိုက်ပြီး

"အရှင်က အများကြီး ဝယ်ပေးပြီးပြီပဲဟာ။ မလိုတော့ပါဘူး"

ရှရှီး ဘဝမှာ ဒီလောက်လက်ဆောင်တွေအများကြီးမရဖူးပေ။ ရွှေတွေ၊ ငွေတွေကလွဲရင် ကျန်တာအကုန် ရှရှီး အကြိုက်တွေချည်းဖြစ်သည်။ ချူးလန်က ဒီကိစ္စအပေါ် ဘယ်လောက်တောင်တွေးပေးခဲ့မှန်း ပြသနိုင်သည်။ ချူးလန်က ရှရှီး ပျော်နေတာသိတဲ့အခါ အပျော်လွန်နေသည်။ သူက တစ်စုံတစ်​ယောက်ကို ပစ္စည်းတွေသိမ်းဖို့ ပြောလိုက်သည်။ ချူးလန်က ရှရှီး လက်လေးကို ဆွဲကိုင်ပြီး အခန်းဆီသို့ ပြန်ခေါ်လာကာ

ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Where stories live. Discover now