35.9K 2.9K 41
Unicode:
သူတို့အဖွဲ့ ဇန်းချန်းကို မှန်းထားသည်ထက် ရက်ပေါင်းများစွာနောက်ကျပြီးမှ ရောက်ခဲ့ကြသည်။ အကြောင်းရင်းကိုတော့ မည်သူမျှ မမေးရဲပေ။ ဇန်းချန်းမြို့သည် ရှ နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်သည့် အနောက်တောင် ကမ်းရိုးတန်းတစ်လျှောက်တွင် အကြီးမားဆုံးမြို့ဖြစ်သည်။ လူဦးရေ ၃ သိန်းကျော် နေထိုင်ပြီး စီးပွားရေးဖြစ်ထွန်းသောကြောင့် လူများစွာ ကူးသန်းသွားလာကြသည်။ မြို့ထဲ ခြေတစ်လှမ်းချလိုက်သည်နှင့် လူများစွာဖြင့် ပြည့်ကျပ်နေသည်ကို တွေ့ရမည်။ ရှလူမျိုးများ၊ လူရိုင်းများနှင့် ဟန်လူမျိုးများ စသည်တို့ ပါရှိသည်။ လမ်းပေါ်တွင် ပျံကျစျေးသည်များစွာကို တွေ့ရသည်။ အများစုကတော့ အရုပ်များ၊ အစားအစာများကို ရောင်းကြသည်။
မြို့ထဲဝင်လိုက်သည်နှင့် စိုင်ဝှမ်းကတော့ အလွန်စိတ်လှုပ်ရှားနေသည်။ ဆိုင်တိုင်း ဆိုင်တိုင်းကို အနည်းဆုံးတစ်ခေါက်တော့ လည်ရမည်ဟု သူမက တွေးထားသည်။ လူသုံးကုန်တွေနှင့် စားဖို့ ပူပူနွေးနွေး စပျစ်ကိတ်ခြောက်လေးတွေ ဝယ်ရမည်။
တစ်ဖက်တွင်တော့ ရှရှီးက အတော်လေးစိတ်အေးလက်အေးဖြစ်နေသည်။ ပြည်သူတွေကို အနီးကပ်မြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သော်လည်း....
ချူးလန်က လမ်းလျှောက်ရင်း ရှရှီး လက်ကို ဆုပ်ကိုင်ထားသည်။ ရှရှီးကအခုချိန်မှာ ယောကျာ်းလေးလို ဝတ်ဆင်ထားသော်လည်း ချူးလန်က သူနဲ့ ခွဲမနေချင်တာဖြစ်သည်။ စိုင်ဝှမ်းနဲ့တူတဲ့အချက်က အရာရာ သူ့အတွက် အသစ်အဆန်းဖြစ်နေတာပင်။ ဥပမာအနေဖြင့်ဝါးခမောက်ကိုပဲကြည့်။ သူဆောင်းမကြည့်ခင် အပြန်ပြန်အလှန်လှန် စစ်ဆေးနေမိသည်။ လူရိုင်းတွေလည်း ဦးထုပ်ဆောင်းကြပေမယ့် ယခုဟာနှင့် မတူပေ။
ချူးလန်က ဆောင်းကြည့်လိုက်ပြီး ပြုံးကာ
"ဘယ်လိုလဲ။ ကိုယ်နဲ့လိုက်လား"
ရှရှီးက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ ချူးလန်ကတော့ ဦးထုပ်ကို ဆောင်းကြည့်လိုက်၊ ပြန်ချွတ်လိုက်ဖြင့် သိပ်ကြိုက်ပုံမရ။ သူက ဦးထုပ်ကို ပြန်ဆောင်းကြည့်ပြီး ဝတ်ရုံရှည်တစ်ခုကို ခြုံကြည့်ပြန်သည်။
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin