အပိုင်း၈(Will you get pregnant with a kiss?)

28.3K 3.6K 337
                                    


အပိုင်း၈(အနမ်းတစ်ပွင့်ကဗိုက်ကြီးစေမှာလား)

Unicode:

ရှရှီးမျက်လုံးတွေက မတည်ငြိမ်တော့ပေ။ သူ့မျက်လုံးထဲမှာ ထိတ်လန့်မှုတွေပြည့်နေပြီး သူ့အရှေ့က သူ့လောက်နီးနီး အရပ်ရှည်လာတဲ့ ဆယ်ကျော်သက်လူငယ်လေးကို မြင်ရတာသူ့အတွက်တော့ လန့်စရာကောင်းနေသည်။ လူငယ်လေးက အတော်လေးမူးလာပုံပေါ်သည်။ ခြေလှမ်းတွေက ယိုင်တိယိုင်တိုင်နဲ့ တစ်လှမ်းချင်းစီလှမ်းလာနေသည်။ပြီးနောက် ရှရှီးလက်မောင်းတွေထဲကို လဲကျသွားတော့သည်။ ရှရှီးကလည်း အမြန်ထိန်းပေးလိုက်ရသည်။ လူငယ်လေးဆီက အရက်နံတွေက မွှန်ထူနေတာပဲ။ ရှရှီးက လူငယ်လေးကို ထိုင်နိုင်အောင်ကူပေးလိုက်ပြီး

"ကျနော်မျိုးမ လက်ဖက်ရည်သွားယူလိုက်ပါအုံးမယ်.."

ချူးလန်က ရှရှီးကို ခေါင်းညိတ်ပြလိုက်ပြီး ရှရှီးရဲ့ပုံရိပ်လေးသွားရာအတိုင်း တောက်လျှောက်လိုက်ကြည့်နေသည်။ ရှရှီးက လက်ဖက်ရည်တစ်ခွက်ယူလာပြီး ချူးလန်ရှေ့ချပေးလိုက်သည်။ ချူးလန်က မသောက်တာကြောင့် သူကိုယ်တိုင် ခွက်တစ်ဝက်လောက် သောက်ပြလိုက်ပြီး ခွက်ကို ပြန်ပေးလိုက်သည်။

[English translator's note: ဒီနေရာမှာ ချူးလန်က လက်ဖက်ရည်ကို အဆိပ်ရှိလို့မသောက်တာလို့ ထင်ပြီး ရှရှီးက အဆိပ်မရှိကြောင်း သက်သေပြတဲ့အနေနဲ့ အရင်တစ်ဝက်သောက်ပြလိုက်တာပါ။]

ချူးလန်က မျက်လုံးပြူးသွားပြီး

"ကိုယ်မင်းအတွက် လက်ဆောင်တွေအများကြီးဝယ်လာတယ်။ ကြည့်ကြည့်ပြီးပြီလား.."

"ကြည့်ပြီးသွားပါပြီ။ ကျေးဇူးတင်ပါတယ်..."

ချူးလန်က ကျေးဇူးအတင်ခံရတာကြောင့် ပျော်ရွှင်စွာနဲ့ ရယ်မောလိုက်ပြီး

"မင်း အဲ့တာတွေကို သဘောကျရဲ့လား"

"သဘောကျပါတယ်..."

ချူးလန်က ပျော်ရွှင်သွားပြီး ရှရှီးလက်တွေကို ဆုပ်ကိုင်ဖို့ လက်ဆန့်ထုတ်လိုက်သည်။ ရှရှီးကလည်း အလိုက်တသိနဲ့ ခွက်တွေကို အောက်ချပြီး သူ့လက်ကို ကိုင်ခွင့်ပေးလိုက်သည်။ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် လက်ကိုင်ဖူးတုန်းက လူငယ်လေးရဲ့လက်တွေက သူ့လက်တွေထက် ပိုသေးသည်။ အခုတော့ လူငယ်လေးရဲ့ လက်တွေက သူ့လက်တွေထက် ပိုကြီးနေပြီ။

ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Where stories live. Discover now