အပိုင်း၅၆(The little prince and the small prince)

29.3K 2.5K 107
                                    

Unicode:

[အစက တစ်လုံးမှ မပြန်ရသေးလို့ပျင်းပြီး ဒီနေ့မအပ်နိုင်တော့ဘူးထင်တာ။ ပြန်ရင်းပြန်ရင်းနဲ့ ပြီးသွားလို့လာတင်တာပါ....ဟီး🙇‍♀️]

နောက်ဆုံးမှာ ကလေးလေးကို အစေခံက ခေါ်သွားတော့မှ ရှရှီး တင်းမာမှုတွေကို ဖြေလျော့နိုင်တော့သည်။ သူ့ကို ချူးလန်က အရှက်ခွဲခဲ့တာကြောင့် သူ ချူးလန်လက်မောင်းကြားမှာအိပ်ဖို့ ငြင်းဆန်လိုက်သည်။ ချူးလန်က သူ့ကို အကြာကြီးဖက်ထားရင်း အကြာကြီးချော့လိုက်ရသည်။ ထို့နောက် 'ဒီလိုအရာမျိုးနောက်တစ်ကြိမ်ထပ်မလုပ်တော့ပါဘူး´ဟု ကတိပေးရသည်။ ထိုအခါမှ ရှရှီး လည်း ချူးလန်ရဲ့လက်မောင်းများကြားသို့ ဖြည်းဖြည်းချင်းပြန်လည်တိုးဝင်သွားတော့သည်။ ချူးလန်က ရှရှီး နဖူးလေးကို နမ်းလိုက်ရင်း

"ရှီးအာလေးလည်း ခံစားလို့ကောင်းနေခဲ့တယ်မလား"

ရှရှီးက ရှက်တာကြောင့် သူ့ခေါင်းကို ချူးလန်လက်မောင်းများကြားမှာ ဖွက်ထားလိုက်ရင်း

"မပြောပါနဲ့တော့.....။ ရွဲ့အာ ဘာမှ ​မြင်မသွားလောက်ပါဘူးနော်....ဟုတ်တယ်မလား။ သူသာ ဒါတွေမှတ်မိနေရင်၊ ဒီအကြောင်းတွေကို မေးလာခဲ့ရင် ကျနော်....ကျနော် လူတွေကိုကြည့်ဖို့ မျက်နှာတောင်ရှိတော့မှာမဟုတ်ဘူး"

ချူးလန်က ရယ်လိုက်ပြီး အမြန်နှစ်သိမ့်လိုက်သည်။

"သူနည်းနည်းကြီးလာပြီးရင်တောင် ဒါတွေကို ဘယ်လိုလုပ်မှတ်မိမှာလဲကွာ။ သူဝင်လာတုန်းက အိပ်ချင်မူးတူးနဲ့ဖြစ်နေတာ။ မနက်ဖြန်ဆိုရင်တောင် ဘာမှ မှတ်မိတော့မှာမဟုတ်ဘူး။ သူဒီကိုရောက်ခဲ့တယ်ဆိုတာတောင် မှတ်မိမှာမဟုတ်ဘူး"

"ကျနော်လည်း အဲ့လိုပဲ မျှော်လင့်ရမှာပဲ"

သူ့ရဲ့သားနှစ်ယောက်မှာ မတူညီသော စရိုက်များရှိကြသည်။ သားအကြီးလေးက သူ့နောက်လိုက်ရတာကိုသဘောကျသည်။ သူက လူတွေကိုလည်း အမြဲပြုံးပြနေတတ်ပြီး အတော်လေးကြင်နာတတ်သည်။ ပုရွက်ဆိတ်တွေကိုတောင် သူက တက်နင်းမိပြီး နာကျင်အောင်လုပ်ရမှာကြောက်သည်။ ဒါပေမယ့် ချူးလန်ကတော့ သူ့ပုံစံကို သဘောမကျပေ။ ချူးလန်ထင်တာတော့ ကျင်းအာက သွေးထွက်သံယိုတွေမမြင်ဖူးတာကြောင့်လို့ထင်သည်။ သူကြီးလာလျှင် အားနည်းပြီးရှက်တတ်၊ ကြောက်တတ်နေလိမ့်မည်ဟုတွေးမိသည်။

ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Donde viven las historias. Descúbrelo ahora