29.6K 2.7K 52
Unicode:
ချူးလန်က စိတ်ကြည်နေပြီး ညာဖက်လက်ကို ဆန့်ထုတ်ကာ ရှရှီး ခါးလေးကိုဖက်ပြီး ရှရှီး ကို အလွယ်တကူကောက်မကာ သူ့ပေါင်ပေါ် တင်လိုက်သည်။
"ဘယ်လောက်တောင် အသက်ရှည်ရမှာလဲ။ ရှ နိုင်ငံရဲ့ ဘုရင်သာ အဲ့လိုဆုတောင်းမျိုး လိုချင်လိမ့်မယ်။ ကိုယ်တို့က လူသားတွေလေကွာ။ ဘယ်လူသားကများ နှစ် ၁၀၀၀၀ လောက် အသက်ရှင်ကြလို့လဲ"
ရှရှီး မျက်တောင်လေးများ တုန်ရီနေပြီး
"ကျနော်က အရှင် အသက် ၁၀၀ လောက်ရှည်အောင် ဆုတောင်းတာပါ။ အဲ့လောက်အကြာကြီးကို ပြောတာမဟုတ်ပါဘူး"
သူတို့ခရီးစထွက်လာကတည်းက ချူးလန်ရဲ့လုံခြုံရေးအတွက် သူ စိတ်ပူနေခဲ့တာဖြစ်သည်။ ချူးလန်က တိုင်းပြည်ရဲ့ အရှင်သခင်တစ်ပါး။နောက်ပြီး လူရိုင်းတွေက အချင်းချင်းလည်း တိုက်ခိုက်နေကြတာ။ တကယ်လို့ သူ့ဘေးက အစောင့်တွေသာ အားနည်းတယ်ဆိုတာ သိသွားကြရင် ဘယ်သူမှ စိတ်ကောင်းမွေးနိုင်ကြမှာမဟုတ်ဘူး။ ရှစောင် အပါအဝင်ပေါ့။
တစ်စုံတစ်ယောက်ကသာ ချူးလန် ဘယ်သူဖြစ်ကြောင်းဖော်ထုတ်ချင်နေတာဆိုရင် အဲ့လူဆီမှာ ကောင်းတဲ့ရည်ရွယ်ချက်လည်း ရှိမှာမဟုတ်ပေ။ အခု လုပ်ကြံသူပေါ်လာပြီဆိုတော့ ရှရှီး နှလုံးသားလေးဟာ ပိုအနှောင့်အယှက်ဖြစ်နေသည်။ နောက်တစ်ကြမ်သာဖြစ်ခဲ့ရင်.....နောက်တစ်ကြိမ်ထပ်ဖြစ်ခါမှာကို ရှရှီး စိုးရိမ်သည်။ သူ့မှာ အာရုံခံနိုင်စွမ်းရှိသည်။ ချူးလန်က လုပ်ကြံသူတွေက ဘယ်သူတွေဖြစ်နိုင်လောက်မလဲဆိုတာ သူ့ကို မမေးပေ။ ရှရှီး လည်း ချူးလန်ကို မှီလိုက်ပြီး လက်နှစ်ဖက်ကို ချူးလန်ခါးတစ်ဝိုက်သွယ်ယှက်ကာ တင်းတင်းကျပ်ကျပ် ဖက်ထားတော့သည်။
ရှရှီး ရဲ့ဖက်တွယ်ခြင်းက ချူးလန်ကို စိတ်ကောင်းဝင်စေပြီး သူက ခေါင်းငုံ့ကာ ရှရှီး နဖူးပြင်လေးကို နမ်းရှိုက်ရင်း
"မကြောက်နဲ့နော်။ ကိုယ်မင်းကို ကာကွယ်ပေးမှာပါ။ မင်းလေးကို ဘယ်သူမှ ထိခိုက်အောင် လုပ်လို့ မရစေရဘူးနော်...."
ရှရှီး နှလုံးသားလေးနွေးထွေးသွားပြီး "အင်း..."ဟုသာ အသံပြုလိုက်သည်။ ရုတ်တရက် ချူးလန်ရဲ့ ဒဏ်ရာကို သတိရသွားပြီး ထရပ်ဖို့ လုပ်လိုက်ပေမယ့် တင်ပါးကြွရုံရှိသေး...ချူးလန်က ပြန်ဆွဲချကာ သူ့ကို ခပ်တင်းတင်းဖက်ထားသည်။ ချူးလန်ပေါင်ပေါ် ပြန်ရောက်သွားတဲ့ ရှရှီး က တစ်စုံတစ်ခုကို သတိထားမိသွားသည်။ တစ်ပြိုင်နက်ထဲ ရှက်လည်းရှက်၊ အံ့လည်းအံ့သြမိသည်။ အနီရောင်တိမ်စိုင်နှစ်ခုက ရှရှီး ပါးလေးပေါ် ရောက်ရှိလာသည်။ သူ့မျက်လုံးများက စိုစွတ်နေပြီး တိုးတိုးလေး မေးလိုက်သည်။
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Donde viven las historias. Descúbrelo ahora