အပိုင်း၄၃(Don't push me to others)

30.7K 2.5K 289
                                    

Unicode:

ချူးလန်က နောက်နေ့မနက်အထိ ရှရှီး အိပ်ခန်းထဲက ထွက်မသွားခဲ့ပေ။ သူက ထွက်မသွားခင်လည်း ရှရှီး ရဲ့ အပြုအစုတွေကို ခံစားနေလိုက်သေးသည်။ ရှရှီး က ချူးလန်ကို မျက်နှာသစ်ပေးသည်။ သွားတိုက်ပေးသည်။ ဆံပင်စီးပေးသည်။ အဝတ်အစားလဲပေးသည်။ လုပ်ပေးလို့ရတာမှန်သမျှ လုပ်ပေးသည်။ ချူးလန်ကတော့အသက် ၁၂ နှစ်အရွယ်တုန်းကလိုပင် သူ့ကို ပျော်ပျော်ကြီးသာ ငေးကြည့်နေသည်။ ရှရှီး က အကုန်လုပ်ပေးပြီးသွားတဲ့အခါ လူချင်းပြန်ခွာလိုက်တော့သည်။ ချူးလန်က ရှရှီး ရဲ့ ဖောင်းကားနေတဲ့ဗိုက်လေးကို နမ်းလိုက်ရင်း

"ကိုယ်ဒီည မင်းနဲ့ပြန်တွေ့မယ်နော်"

ရှရှီး က ချူးလန်ကို အပြင်ဖက်လိုက်ပို့ပေးပြီးနောက် လန်းဒိုအာနဲ့အခြားသူများက မျက်နှာမှာ အံ့သြမှုမရှိကြဘဲ ရှရှီး ကို ပြုစုပေးဖို့ ဝင်လာကြသည်။ ရှချွင်းတောင် ဒီလိုအရာမျိုးကို ကျင့်သားရနေပုံပေါ်ပြီး သူ့မျက်နှာမှာ မူမမှန်တာမျိုး ရှိမနေ။

သူ့ရဲ့ နန်းဆောင်ကို သူ ပြန်မလာခင်ကတည်းက သန့်ရှင်းရေးလုပ်ပေးထားတာကြောင့် နေရာတိုင်းမှာ တောက်ပနေသလိုဖြစ်နေပြီး နူးညံ့တဲ့လေထုလေးကို ဖန်တီးနေကာ ကြည့်ရတာ အရှင်သခင်က အမြဲတမ်းနေထိုင်နေခဲ့သလိုပင်။

နေ့လည်ပိုင်းမှာ ချူးလန်က လက်ဆောင်တွေအများကြီး ပို့လိုက်သည်။ ဆက်သထားတဲ့ ပစ္စည်းအများအပြားနဲ့ လှပပြီး သက်သောင့်သက်သာရှိတဲ့ ပိုးဖဲတွေရယ်၊ သူ့ရဲ့ခန္ဓာကိုယ်ကို တိုင်းထွာပေးဖို့ နွေအဝတ်တွေ၊ ဆောင်းအဝတ်တွေ ချုပ်လုပ်ပေးမယ့် နန်းတွင်းအမှုထမ်းတစ်ယောက်လည်း ရောက်လာခဲ့သည်။ ရှရှီးရဲ့ လက်ရှိ အဝတ်အစားတွေက သေးငယ်နေပြီဖြစ်သည်။ အထူးသဖြင့် အောက်ပိုင်းတွေ.......။ သူ့အဝတ်အစားတွေအကုန်လုံးက သူကိုယ်တိုင်မဟုတ်ရင်တောင် သူ့ကိုခစားတဲ့အစေခံတွေက ပြုပြင်ချုပ်လုပ်ပေးထားတာဖြစ်သည်။ ဘုရားကျောင်းလိုနေရာမျိုးမှာတော့ ဝတ်ဖို့အဆင်ပြေပေမယ့် နန်းတော်လိုနေရာမျိုးမှာကျ ဝတ်ဖို့ သိပ်မြင်မကောင်းပေ။

ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Tempat cerita menjadi hidup. Temukan sekarang