Unicode:
ချူးလန်က သူ့ကို စူးစိုက်ကြည့်ရင်း သူ့အင်္ကျီထဲ လက်လျှိုလာကာ
"မင်းကလွဲ ပြီး ဘယ်သူရှိအုံးမှာလဲ။ ရှီးအာ၊ မင်းသူမ ဆွဲဆောင်တာတွေဖက် ပါသွားလို့မဖြစ်ဘူးနော်။ မင်းက ကိုယ့်အပိုင်ပဲ!!"
ရှရှီး ကြောင်အသွားပြီး
"သူမက ဘာလို့ ကျနော့်ကို ဆွဲဆောင်ရမှာလဲ။ ကျနော်က ပုံမှန်မှ မဟုတ်တာ..."
ဘယ်လိုလုပ် ပုံမှန်အမျိုးသမီးတစ်ယောက်က ပုံမှန်မဟုတ်တဲ့ အမျိုးသားတစ်ယောက်အပေါ် စိတ်ဝင်စားမှာလဲ။ နောက်ပြီး အဲ့တာက စိုင်ဝှမ်းဖြစ်နေတာကြောင့် သူ့အပေါ် စိတ်မဝင်စားဘူးဆိုတာ သေချာပါသည်။ ချူးလန်က ရှရှီး ခွကြားကို အဝတ်ပေါ်ကနေ ဆုပ်ကိုင်လိုက်ကာ ပွတ်သပ်ပြီး
"မင်းမှာ ဒါရှိနေတယ်လေ။ တစ်နေ့မှာ ဒါလေးက မိန်းမတစ်ယောက်ကို အရသာမခံချင်ပါဘူးလို့ ဘာအာမခံချက်ရှိမှာလဲ။ နောက်ပြီး သူမက အမြဲ မင်းကို တွယ်ကပ်တယ်။ မင်းကို ဖက်တယ်။ အဲ့တာက တော်တော်လေး မသင့်တော်ဘူး။သူမကသာ မင်းကို မြူဆွယ်တာမဟုတ်ဘူးဆိုရင် ကိုယ့်ကို မြူဆွယ်တယ်ဆိုတာ ဖြစ်နိုင်လို့လား
"ချူးလန်က ဒီဖြစ်နိုင်ချေကို တစ်ခါမှ မစဥ်းစားဖူးပေ။ သူ ရှရှီး နဲ့ လက်ထပ်ပြီးကတည်းက အခြားသူများကို လှည့်ကြည့်စရာပင် မလို။ ယောက်ျားပဲ ဖြစ်ဖြစ်၊ မိန်းမပဲ ဖြစ်ဖြစ်၊ စိုင်ဝှမ်းပဲ ဖြစ်နေပါစေ။
သူ စိုင်ဝှမ်းကို လျစ်လျုရှုထားပြီး တခါတရံမျိုးမှသာ သတိပြုမိတာဖြစ်သည်။ စိုင်ဝှမ်းက ရှရှီး နဲ့ နီးကပ်နေတာကို သဘောမကျပါ။ အထူးသဖြင့် ရှရှီး ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ချက်ကို သိပြီးနောက်ပိုင်း သူမနဲ့ နီးနီးကပ်ကပ်နေတာ သဘောမကျတော့ပေ။ သူတို့နှစ်ယောက်ကို တရင်းတနှီး နီးနီးကပ်ကပ်တွေ့ရတိုင်း အဲ့ကောင်မလေးကို ဘယ်နည်းလမ်းသုံးပြီး အဝေးပို့နိုင်မလဲဆိုတာ စဥ်းစားမိသည်။ ရှရှီး အနားမှာ အသက်ကြီးကြီး အစေခံတွေကိုသာ ထားချင်သည်။
ထိုခဏမှာ ရှရှီး မျက်နှာအမူအရာကို ကြည့်ရင်း သူ မျက်မှောင်ကြုတ်မိသွားသည်။ သူ့ရဲ့ အမှတ်မထင် ပြောလိုက်တဲ့ စာကြောင်းထဲမှာ အမှန်တရားတွေပါဝင်နေတယ်ဆိုတာ သူ သဘောပေါက်သွားသည်။ မနက်ကအကြောင်းတွေကို ပြန်စဥ်းစားမိတော့ စိုင်ဝှမ်းလာတဲ့အချိန်တုန်းက ရှရှီး က အိပ်ပျော်နေတုန်းဖြစ်သည်။ ဒါကြောင့် စိုင်ဝှမ်းက သူ့ကိုသာ မြူဆွယ်ချင်တယ်ဆိုတာ ရှင်းလင်းသွားသည်။
YOU ARE READING
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)
Historical FictionTitle.....The Little King English translator...PastTimer ""Permission granted from English translator"" English translation link👇🏻👇🏻 https://www.wattpad.com/story/239997376?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_...