Unicode:
ရှရှီး က ရှဟွေကို နန်းတော်ဂိတ်တံခါးဝထိ လိုက်ပို့ပေးပြီး သူမရဲ့ လှည်းလေးထွက်သွားသည်အထိ ငေးကြည့်နေမိသည်။ လှည်းကို မမြင်ရတော့သည်အထိ သူထိုနေရာလေးမှာပဲ ရပ်နေမိဆဲ ဖြစ်ပါသည်။ ဆောင်းတွင်းရောက်နေပြီဖြစ်တာကြောင့် ရာသီဥတုက ချမ်းအေးလှပါသည်။ ဒါပေမယ့် သူကဝတ်ရုံရှည်ဝတ်ထားတာကြောင့် ချမ်းတယ်လို့ မခံစားရပေ။ လန်းဒိုအာက ရှရှီး အအေးပတ်မှာစိုးတာကြောင့် အထဲကို မြန်မြန်ဝင်ဖို့ တိုက်တွန်းတော့သည်။ သူလှည့်ဝင်တော့မယ့်အချိန်မှာ မလှမ်းမကန်းကနေ ချူးလန်လာနေတာကို မြင်လိုက်ရသည်။
နန်းတော်ထဲမှာ မြင်းစီးခွင့်မရှိ။ ထို့ကြောင့် အခုလိုမြင်းစီးဝင်လာသူက ချူးလန်တစ်ယောက်သာ ရှိသည်။ သူက အရပ်ရှည်ပြီး သူစီးထားတဲ့မြင်းကလည်း ထွားတာကြောင့် သူ့တစ်ကိုယ်လုံးက ခမ်းနားတင့််တယ်နေတော့သည်။ နန်းတော်ထဲမှ ညမီးရောင်တွေက ချူးလန်မျက်နှာပေါ် ကျရောက်လို့နေသည်။ ချူးလန်က အေးစက်စက်အရောင်အဝါတွေ ထုတ်လွှတ်နေပြီး သူ့မျက်လုံးတွေကလည်း အေးစက်စက်နှင့် မထေသည့်ပုံစံမျိုးဖြစ်သည်။ ဒါပေမယ့် ထိုမျက်လုံးတစ်စုံက ရှရှီး ကိုကြည့်တဲ့အခါ လုံးဝပြောင်းလဲသွားသည်။ ရုတ်တရက် နှင်းတွေအရည်ပျော်ကျကုန်သလိုပင် ထိုအမူအရာမဲ့တဲ့ မျက်နှာတစ်စုံက ချက်ချင်းပင် တောက်တောက်ပပကြီး ပြုံးသွားသည်။ သူက လက်ကိုမြှောက်ကာ ရှရှီး ကိုပင်လက်ယမ်းပြနေသေးသည်။
ချူးလန်ကိုတွေ့တဲ့အခါ ရှရှီး နှလုံးသားလေး နွေးထွေးသွားသည်။ ချူးလန်က မြင်းပေါ်ကဆင်းလိုက်ပြီး ရှရှီး ဆီသို့ခြေလှမ်းနှစ်လှမ်းဖြင့် အပြေးလာလိုက်သည်။ ချူးလန်က သူ့ရဲ့ဝတ်ရုံအထူကြီးကို ရှရှီးပေါ် လွှမ်းခြုံပေးလိုက်ရင်း
"ဘာလို့ ဒီရာသီဥတုကြီးထဲမှာ ရပ်နေတာလဲ။ သံတမန်နဲ့တွေ့ပြီးပြီလား"
ရှရှီး ကခေါင်းညိတ်လိုက်ပြီးနောက် အသိပြန်ဝင်လာကာ
"အရှင်က ဒီနေ့ကျနော်တွေ့ရမယ့်လူက ဘယ်သူဆိုတာ သိနေခဲ့တယ်မလား"
ချူးလန်က ရှရှီး လက်လေးကို ကိုင်ထားလိုက်ရင်း ဖြည်းဖြည်းချင်း လမ်းလျှောက်လိုက်သည်။သူတို့အနောက်နား မလှမ်းမကန်းမှ အစေခံများကလည်း ဖြည်းဖြည်းချင်းလိုက်လာကြသည်။
YOU ARE READING
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)
Historical FictionTitle.....The Little King English translator...PastTimer ""Permission granted from English translator"" English translation link👇🏻👇🏻 https://www.wattpad.com/story/239997376?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_...