Unicode:
လူရိုင်း လူမျိုးများက စုန်းသမားတော်များကို ယုံကြည်ကြသည်။ ကိစ္စတစ်ခုခုလုပ်တိုင်းလည်း စုန်းသမားတော်များထံ ပူဇော်တိုင်ပင်လေ့ရှိကြသည်။ချူးလန်က စုန်းသမားတော်နဲ့တွေ့ဖို့ ဘုရားကျောင်းကိုသွားတော့မှာဖြစ်ကြောင်း သိရတဲ့အခါ ရှရှီး ကစစ်ပွဲဟာ မကြာတော့ဘူးဆိုတာ သိလိုက်ရသည်။ ဒီရက်ပိုင်း သူက အိပ်မပျော်၊ စားမဝင်ဖြစ်နေပြီး သူ့ရဲ့ ဂဏာမငြိမ်တဲ့နှလုံးသားလေးကို တည်တည်ငြိမ်ငြိမ်ထားဖို့ ခက်ခဲလွန်းလှသည်။ သူဘာမှလုပ်ပေးနိုင်တာမရှိတာကြောင့် နိုင်ငံနှစ်နိုင်ငံကြား ငြိမ်းချမ်းရေးယူဆောင်လာပေးမယ့် အာမခံတစ်ခုခုပေါ်ပေါက်လာလျှင်ကောင်းမည်ဟု တွေးမိသည်။
သူကတော့ တုံးအလွန်းတာကြောင့် နှစ်နိုင်ငံကြားငြိမ်းချမ်းအောင် လုပ်မပေးနိုင်ဘူးဆိုတာ သိထားပါသည်။ လူတွေကြားမှာတောင် သံသယတွေ၊ ဝိရောဓိတွေရှိနေကြသေးသည်ပဲ။ နိုင်ံငံကြီးနှစ်နိုင်ငံဆိုလျှင်တော့ ဆိုဖွယ်မရှိပေ။ နောက်ပြီး ရှ နိုင်ငံဖက်ကလည်း စစ်တပ်အင်အားတောင့်တင်းပြီး လူရိုင်းနယ်မြေကိုဖျက်ဆီးကာ ရှ ပိုင်နယ်မြေအဖြစ်ဝါးမြိုချင်နေသည်ကိုလည်း သူသိထားပါသည်။
သူ့နှလုံးသားလေးက ရှုပ်ထွေးနေရပါသည်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က တစ်စုံတစ်ခုက သူ့စိတ်ထဲ တောက်လျှောက်ဖြတ်ပြေးနေသည်။ နောက်ဆုံးတော့ အဖန်ဖန်တွေးတောပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့သည်။
ရှ ပြည်သူတွေက ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသည်။ ရှ နိုင်ငံတော်တွင်မူ ဗုဒ္ဓဘာသာဘုရားကျောင်း များစွာရှိသည်။ တချို့ဘုရားကျောင်းများဆို အဆောင်တွေထက်ပင် ကြီးမားပြီး အမွှေးနံ့သာနံ့များကလည်း လှိုင်လှိုင်ထနေတတ်သည်။ လူရိုင်းတွေမှာတော့ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူက အနည်းအကျဥ်းသာရှိသည်။ မြို့တော်မှာလည်း ဗုဒ္ဓဘာသာဘုရားကျောင်းက တစ်ခုသာရှိသည်။
[အခုဘုရားကျောင်းက ဗုဒ္ဓဘာသာဘုရားကျောင်းပါ။ ရှရှီး နေခဲ့တာ့ကတော့ ဒီတိုင်းသာမန် ဘုရားကျောင်းလိုမျိုးပါပဲ]
YOU ARE READING
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)
Historical FictionTitle.....The Little King English translator...PastTimer ""Permission granted from English translator"" English translation link👇🏻👇🏻 https://www.wattpad.com/story/239997376?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_...