30.4K 2.8K 76
Unicode:
အခန်းတံခါးမှ "ဘန်း"ဆိုသည့်အသံဖြင့် တွန်းဖွင့်ခံလိုက်ရသည့်အသံကြားသည်အထိ ရှရှီး တစ်ယောက် တွေငေးနေမိဆဲဖြစ်သည်။ သူအတော်လေးထိတ်လန့်သွားသည်။ ဝင်လာသည့်သူက ချူးလန်ဆိုတာကို သိလိုက်ရတော့မှ စိတ်အေးသွားသည်။ သူဘာမှမပြောရသေးခင် ချူးလန်က သူ့ဆီပြေးလာပြီး သူ့ကို အိပ်ယာပေါ်တွန်းလှဲကာ
"နိုးနိုးကြားကြားနေ!အပြင်ကို ထွက်မလာနဲ့!"
ချူးလန်က လက်ထဲမှာ ဓားရှည်ကို ကိုင်ထားသည်။ ဓားသွားရဲ့အေးစက်မှုကြောင့် ကြက်သီးထစေပြီး ရှရှီး တုန်ရီနေသည်။ ချူးလန်က ရှရှီး ကို ကိုင်ထားမလို့လုပ်တဲ့အချိန်မှာပဲ ပြတင်းပေါက်က အပြင်ဖက်က တွန်းဖွင့်ခြင်းခံလိုက်ရပြီး အနက်ရောင်ဝတ်ထားသည့်လူတစ်ယောက် ဝင်ရောက်လာသည်။ တံခါးရှိအစောင့်က ထိုလူကို ဓားဖြင့် ပိုင်းဖြတ်လိုက်သည်။ စစ်သည်နှစ်ယောက်ထိပ်တိုက်တွေ့ကြတဲ့အခါ တိုက်ပွဲအသံနဲ့ နာကျင်တဲ့အသံတွေက အခန်းတွင်းကို လွှမ်းမိုးသွားသည်။ ရှရှီး က သူဘာမှမကူညီပေးနိုင်တာကိုသိတာကြောင့် ပြဿနာမရှာဘဲ ကုတင်ပေါ်မှာ တိတ်တိတ်ကလေးထိုင်ကာ စောင်အောက်ဝင်ပြီး ချူးလန်ကို အလန့်တကြားကြည့်နေသည်။
ဘုရင်ငယ်လေးရဲ့လက်ရည်က အတော်လေးကောင်းမွန်သည်။ သူ့ဘေးနားမှာရှိသည့် အစောင့်များထက် သူကပိုသန်မာပြီး သူ့ဆီဝင်လာသည့် ဓားချက်အားလုံးကိုလည်း ခုခံနိုင်သည်။ ခဏအကြာမှာ ထန်ရှင်းရှလည်း ဝင်လာပြီး တိုက်ပွဲကို ပါဝင်ဆင်နွဲတော့သည်။ သူက လက်တစ်ဖက်မှာ ဓားရှည်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်မှာတော့ ရှရှီး မသိနိုင်သည့် လက်နက်တစ်မျိုးကို ကိုင်ဆောင်ထားသည်။ အနက်ရောင်ဝတ်ထားသည့်လူ၏ဓားနှင့် သူ့ရဲ့ ဓားတို့တွေ့ဆုံကြတဲ့အခါ "ဒန်!ဒန်"ဟူသည့်အသံနှစ်သံ ထွက်ပေါ်လာပြီး အနက်ရောင်ဝတ်လူ၏ဓားက ကျိုးသွားသည်။ ခဏအကြာမှာပဲ အခန်းထဲကို ဝင်လာကြတဲ့ အနက်ရောင်ဝတ်လူများအားလုံး ကျဆုံးကုန်သည်။
ရှရှီး က ထိတ်လန့်တကြားကြည့်နေရပြီး သူတို့ဖက်ကလူတွေ ဘယ်သူမှ ဒဏ်ရာမရကြတာကိုတွေ့မှ စိတ်အေးသွားသည်။ ချူးလန်က ရှရှီး ဆီ လာတော့မယ့်အချိန်မှာ ဘေးအခန်းဆီမှ အော်သံက သူတို့ကို နှောင့်ယှက်လိုက်သည်။
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Where stories live. Discover now