Unicode:
အိပ်ယာက အရမ်းကို နွေးထွေးသွားခဲ့သည်။ ရှရှီး နှလုံးသားလေးထဲက ချမ်းစိမ့်မှုအနည်းငယ်ကလည်း ချူးလန်ရောက်လာတာကြောင့် ပျောက်ကွယ်သွားပြီဖြ့စ်သည်။ ရှရှီး ရဲ့ အဝတ်တွေကလည်း ဆုတ်ဖြဲခြင်းခံထားရပြီး သူ့ရဲ့ နှင်းလိုဖြူဖွေးတဲ့ အသားအရေလေးက လစ်ဟာခြင်းခံထားရသည်။ ထိုပုံစံလေးက ညှို့ဓာတ်ပြင်းပြင်းတွေကို ထုတ်လွှတ်နေတော့သည်။ ချူးလန်က ရှရှီး ရဲ့ ယောင်ကိုင်းနေပြီဖြစ်တဲ့ နှုတ်ခမ်းလေးကို ခပ်ပြင်းပြင်းစုပ်ယူလိုက်ကာ တိုးတိုးလေး မေးသည်။
"ရှီးအာ၊ ကိုယ်မင်းကို လွမ်းနေခဲ့တာ။ မင်းရော ကိုယ့်ကို လွမ်းလားဟင်"
"ကျနော်......အရှင့်ကို လိုချင်တယ်"
ရှရှီး ရဲ့ ပုခုံးလေးက တောင့်တင်းနေတော့သည်။ ချူးလန်ရဲ့ တင်းမာနေတဲ့ ရင်ဖက်ကြီးကို ကြည့်ရင်း ရှရှီး တစ်ယောက် ရှက်သွေးဖြာလာကာနှလုံးခုန်သံများ မြန်ဆန်လာတော့သည်။ သူတို့ဝေးကွာနေတာသိပ်မကြာပေမယ့် ချူးလန်ကတော့ တော်တော်ကြီးကို ထွားကျိုင်းလာပါသည်။ ဒါပေမယ့် သူက ဆယ်ကျော်သက်အရွယ်နဲ့ လူငယ်တစ်ယောက်အရွယ်ကိုတော့ ဖြတ်ကျော်သွားပြီဖြစ်သည်။
ပုခုံးပြင်တွေလည်း ပိုကျယ်လာသည်။ ရင်ဖက်ကကြွက်သားများကလည်း ပိုမိုတောင့်တင်းလာသည်။ ပိုပြီးလည်း ခွန်အားရှိလာပုံပေါ်သည်။ ချူးလန်က ရှရှီး အဖြေကို ကျေနပ်သွားပြီး
"ကိုယ်လည်း မင်းကို လွမ်းတယ်"
ချူးလန်ရဲ့ မျက်လုံးတွေက တဏာရာဂဖြင့် တဖိတ်ဖိတ် တောက်နေပြီး သူ့ရဲ့ ကြီးမားကျယ်ပြန်တဲ့ လက်ဖဝါးကြီးတွေက ရှရှီး တစ်ကိုယ်လုံးကို ပွတ်သပ်နေသည်။ ချူးလန်က ရှရှီး ဘောင်းဘီများကို အလျင်အမြန်ဆွဲချွတ်လိုက်သည်။ ထိုခြေထောက်လေးတွေကို ဆွဲကားထားပြီး ခြေထောက်နှစ်ချောင်းကြားက အရည်လေးတွေ စိုနေမယ့်နေရာလေးကို မြင်ရဖို့ ချူးလန် မစောင့်နိုင်တော့ပေ။ ချူးလန်နှုတ်ခမ်းထောင့်တွေ မြောက်တက်သွားပြီး သူက ပျော်ရွှင်စွာ ပြောသည်။
"ကြည့်ရတာ ရှီးအာလေး ညာနေတာမဟုတ်ဘူးပဲ။ မင်းဟာလေးက စိုနေပြီ!"

KAMU SEDANG MEMBACA
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)
Fiksi SejarahTitle.....The Little King English translator...PastTimer ""Permission granted from English translator"" English translation link👇🏻👇🏻 https://www.wattpad.com/story/239997376?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_...