Double update☕Unicode:
ရှရှီး ရဲ့ ကိုယ်ဝန်လက္ခဏာတွေက စိတ်ဖိစီးတာကြောင့် ပိုမိုဆိုးရွားလာသည်။ ကိုယ်ဝန်စစ်ဆေးပြီး ဆယ်ရက်လောက်ကြာတဲ့အခါ သူ့ခန္ဓာကိုယ်အောက်ပိုင်းက နီရဲလာတော့သည်။ ကံကောင်းစွာပင် အမျိုးသမီးဆေးဆရာက ကျွမ်းကျင်တာကြောင့် ဆေးတချို့ကို ဖျော်ပေးပြီး ရှရှီး ကို အိပ်ယာထဲသာ လှဲနေခိုင်းသည်။ ဆေးတွေ၊ စွပ်ပြုတ်တွေနဲ့ တလကျော်လောက် ကုပြီးတဲ့နောက်မှာ သူ့ဗိုက်ထဲက ကလေးငယ်ကလည်း ပြန်လည်တည်ငြိမ်လာသည်။ အော့အန်ချင်တာတွေလည်း တဖြည်းဖြည်းချင်း သက်သာလာသည်။
နွေဦးရောက်သည်အထိ စစ်ပွဲက မပြီးဆုံးပေ။ နှစ်ဦးနှစ်ဖက်က သူမသာကိုယ်မသာ ဖြစ်နေပြီး နွေရာသီအစကိုတောင် ရောက်နေပြီဖြစ်သည်။ ဇာဟာရဲ့ လူထဲမှ တစ်ယောက်က အစောင့်တွေနည်းတဲ့အချိန်မှာ နောက်ကျောဓားနဲ့ ထိုးခဲ့သည်။ ဇာဟာ မသေသော်လည်း စစ်ပွဲကတော့ အဆုံးသတ်သွားသည်။ လဝက်လောက်ကြာတော့ ဇာဟာ ထွက်ပြေးတိမ်းရှောင်ရတော့သည်။ သူထွက်ပြေးတာနဲ့ သူ့လက်အောက်ကလူတွေက ဖရိုဖရဲ ဖြစ်ကုန်ပြီး စစ်ပွဲကလည်း အဆုံးသတ်သွားတော့သည်။
ထိုအချိန်မှစ၍ ဘုရင်လေးက သူ့ရဲ့အကြီးမားဆုံး ရန်သူတော်နှစ်ယောက်ကို သုတ်သင်နိုင်ပြီး အာဏာတွေအကုန်လုံး သူ့လက်ထဲ ရောက်ရှိလာတော့သည်။ချူးလန်က သူ့ရဲ့လုပ်ရပ်တွေကြောင့် ချီးကျူးခံခဲ့ရသည်။ ထို့နောက် သူက ရှရှီး ကို နန်းတော်ကို ပြန်ခေါ်ဖို့အတွက် အစောင့်တွေကို စေလွှတ်လိုက်သည်။
ချူးလန်ရဲ့ လှုပ်ရှားမှုတွေက မြန်ဆန်နေခဲ့တာဖြစ်ပြီး ရှရှီး ကတော့ ဘာသတင်းမှ မကြားရပေ။ အစောင့်တွေကို ဦးဆောင်လာသူ စန်းစန်းမုကို တွေ့ရပြီးမှ ဇာဟာ ဓားထိုးခံရကြောင်း သိရှိရသည်။ရှရှီး ကတော့ အံ့သြသွားသည်။ စန်းစန်းမုရောက်ရှိလာတာ ဆိုးတဲ့အရာတစ်ခုမဟုတ်ပေမယ့် သူ့နှလုံးသားမှာ ဓားတစ်ချောင်းချိတ်ဆွဲနေသလိုပင် သူစိတ်မအေးနိုင်ပါ။ နောက်ဆုံး ချုးလန် အောင်နိုင်ခဲ့ကြောင်း ပြောမှသာ သူစိတ်အေးနိုင်တော့သည်။
ESTÁS LEYENDO
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)
Ficción históricaTitle.....The Little King English translator...PastTimer ""Permission granted from English translator"" English translation link👇🏻👇🏻 https://www.wattpad.com/story/239997376?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_...