Unicode:
ရှရှီးက အမျိုးသမီးအများစုထက် အရပ်ရှည်ပေမယ့် အမျိုးသားအများစုထက်လည်း အရပ်ပုသည်။ ဒါပေမယ့် သူ့ရှေ့က ဆယ်ကျော်သက်အရွယ် ကောင်လေးကတော့ အခုထိ မဖွံဖြိုးသေးတဲ့အတွက် သူ့ထက် အရပ်ပုနေသည်။ သူ့အရှေ့က လူဟာ သူ့ရဲ့ကံကြမ္မာကို ဆုံးဖြတ်ချက်ပေးနိုင်တဲ့လူဆိုပေမယ့် သူ ထူးဆန်းသလိုကြီး ခံစားနေရသည်။
လူရိုင်းဘုရင်က အလွန်ဆုံးရှိမှ ၁၁၊ ၁၂ နှစ်လောက်ပဲ ရှိအုံးမည်ထင်သည်။
သူ ထိတ်လန့်နေတုန်း လူငယ်လေးက မျက်မှောင်ကြုတ်ပြီး သူ့တစ်ကိုယ်လုံးကို နှံနှံစပ်စပ်ကြည့်နေကာ သူက တရုတ်သံမပီမသ နဲ့မေးလိုက်သည်။
"မင်းက ရှချောင် ပို့လိုက်တဲ့ လက်ထပ်ရမယ်ဆိုတဲ့ လူလား။ကိုယ့်ရဲ့ ဇနီးလောင်းလေးလား? မင်းသမီး??"
ရှရှီးက သူ့အတွေးတွေကို ပြန်စုစည်းလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်။ အရှင့်ကို နှုတ်ခွန်းဆက်သပါတယ်..."
လူငယ်လေးက ကျေနပ်သွားပုံပေါ်သည်။ သူက လက်ကို ဆန့်လိုက်ပြီး
"ကိုယ်မင်းကို လာကြိုတာ။ အခုကစပြီး မင်းက ကိုယ့်ဇနီးပဲ။ကိုယ်တို့မျိုးနွယ်ရဲ့ ဘုရင်မပဲ။ မင်းရဲ့တိုင်းပြည်အကြောင်း၊ ရှ နိုင်ငံတော်အကြောင်းတွေကို မေ့ပစ်ရမယ်။ကိုယ့် ကို အကောင်းဆုံးအလုပ်အကျွေးပြုဖို့ပဲ စဥ်းစားထား။ကိုယ့်အပေါ်ကို ကြင်ကြင်နာနာဆက်ဆံပေး ရမယ်။ မျိုးရိုးကို ထိန်းသိမ်းဖို့အတွက် ကလေးတွေလည်းမွေးပေးရမယ်"
မရင့်ကျက်သေးတဲ့ ဆယ်ကျော်သက်လေးတစ်ယောက် ဒီလိုပြောတာကို ကြားရင် သေချာပေါက်ရယ်မိကြမှာပင်။ ဒါပေမယ့် ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေကာ ဘယ်သူကမှ ထူးဆန်းတဲ့အမူအရာမျိုးမရှိကြပေ။ ဒီကလေးက ငယ်ရွယ်ပေမယ့် အရှိန်အဝါ မသေးလှကြောင်း ပြသနေသည်။ သူ့ရှေ့ကနေ သူ့ကို ကမ်းနေတဲ့လက်ကို ကြည့်လိုက်သည်။ သူ့လက်ထက်တောင် အတော်လေး သေးငယ်နေသည်။ သူ ခဏတုန့်ဆိုင်းနေပြီးမှ လက်ပြန်ကမ်းလိုက်သည်။ ပြီးမှ သူပြန်ဖြေလိုက်သည်။
YOU ARE READING
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)
Historical FictionTitle.....The Little King English translator...PastTimer ""Permission granted from English translator"" English translation link👇🏻👇🏻 https://www.wattpad.com/story/239997376?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_...