28.3K 2.6K 498
Unicode:
ရှရှီး က ဒီတစ်ခါတော့ အိပ်ယာပေါ်မှာ အကြာကြီးလှဲမနေခဲ့ရပေ။ ဖြစ်နိုင်တာက သူခံနိုင်ရည်ပိုရှိလာတာလည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် လိင်ဆက်ဆံတာကို ပိုပြီးကျင့်သားရလာတာလည်း ဖြစ်နိုင်သည်။ ဒါကြောင့် သူ အလုပ်ခံခဲ့ရသလောက် သိပ်မပင်ပန်းပေ။ သူက မနက်ခင်းမှာ အလုပ်လုပ်ပြီး၊ နေ့လည်ခင်းမှာမျက်နှာသစ်ပြီးနောက် တရေးလောက် အိပ်တတ်သည်။
ထိုအချိန်တွင် အပြင်ဖက်မှ အစေခံက ဘုရင့်ကြင်ယာတော် ရောက်ရှိလာကြောင်း သတင်းပါးသည်။
ရှရှီး ထိုစကားလုံးလေးလုံးကို ကြားတဲ့အခါ တောင့်တင်းသွားသည်။ ခဏလောက်ကြာအောင် ဘယ်သူမှန်း သူမတွေးနိုင်။လိုက်ကာစများကို ဆွဲတင်လိုက်တဲ့ ထည်ဝါသော အဝတ်အစားများနဲ့ ရှုပ်ထွေးနေသော ဆံထိုးများကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်​ယောက်က ဝင်လာတော့မှ ထိုသူက စိုင်ဝှမ်းဆိုတာ သူ သိလိုက်ရသည်။
အရင်တုန်းကတော့ သခင်နဲ့ ကျွန်အနေနဲ့ ရှိနေခဲ့တဲ့ သူတို့နှစ်ယောက်က မတွေ့ရတာ နှစ်နှစ်ကျော်ရှိနေပြီဖြစ်သည်။ ရှရှီး ကတော့ ဘာမှ သိပ်မပြောင်းလဲပေမယ့် စိုင်ဝှမ်းကတော့ လုံးဝ တခြားလူတစ်ယောက်လို ပြောင်းလဲသွားသည်။ အစေခံတစ်ယောက်ရဲ့ ပုံစံက လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။
သူမပုံစံက ရင့်ကျက်သည့်ပုံပေါ်ကာ ခန္ဓာကိုယ်ပြည့်ပြည့်ဝိုင်းဝိုင်းနှင့် ဖြစ်သည်။ သူမ အနည်းငယ် ဝလာသလိုပင်။ သူမ မျက်နှာမှာ ပေါင်ဒါအမှုန့်များ လိမ်းခြယ်ထားပြီး ပါးနီများဆိုးထားကာ နှုတ်ခမ်းကလည်း နီနီရဲရဲတောက်တောက် ဖြစ်သည်။ သူမရယ်လိုက်ရင် မျက်နှာပေါ်က ပေါင်ဒါအမှုန့်တွေတောင် ခါခါကျလာသည်။ သူမက ရှရှီး ကို မြင်တဲ့အခါ မြန်မြန်ဦးညွတ်လိုက်ပြီး ရယ်မောကာ
"မင်းသမီး....အခုမှပဲ မင်းသမီးကို တွေ့ရတော့တယ်။ ကျမ မင်းသမီးအကြောင်းကို နေ့နေ့ညညစဥ်းစားနေခဲ့တာ"
ရှရှီး ကတော့ကြောင်အနေဆဲ ဖြစ်သည်။ စိုင်ဝှမ်းက အနားလျှောက်လာပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်တော့မှ အသိပြန်ဝင်လာသည်။
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Wo Geschichten leben. Entdecke jetzt