" ရှန်ယိ!!! " ရွမ်းရီ က သူ့လက်အား ချည်နှောင်ထားသည့် ကြိုးကို ဖြုတ်ရန် ကြိုးစားလိုက်ရင်း သူ့ရှေ့က လူအား စူးရဲစွာကြည့်လိုက်သည် ။ အဲ့ဒီ ချောမောသည့်မျက်နှာက ဓားနဲ့ မွန်းပစ်လိုက်ချင်စရာကောင်းအောင်ကို အမြဲတမ်း ပြုံးနေတော့တာဘဲ ။
" မင်းက အဲ့လို အော်နေလို့ အခြားသူတွေကြားသွားရင် ကိုယ် မင်းကို မကယ်တင်ပေးနိုင်မှာ စိုးရတယ်နော် .. " ရှန်ယိ က တစ်ချက်ရယ်လိုက်ရင်း ပြောလိုက်သည် ။
" မင်း ဂရုစိုက်ဖို့ မလိုတဲ့ ကိစ္စပါ " ရွမ်းရီ၏ တည်ငြိမ်သည့် မျက်နှာသည် ရှုံမဲ့သွားသည် ။ ဘယ်လောက်တောင် အရှက်မရှိလို့ ငါ့ကို ကယ်တင်ဖို့ ပြောရဲသေးတာလဲ ..။ မင်းသာ ဝင်မရှုပ်ရင် ငါလွှတ်သွားလောက်ပြီ ဟု မျက်နှာချောချောကို ပိတ်ထိုးပြီးသာ ပြောလိုက်ချင်တယ်။ " အရူး!! "
/ Host !!! /
"" ဘာလဲကွာ ..ငါ ဒီမှာ အလှလေးကို ကြောင်မလို့ အရေးမကြီးရင် တိတ်တိတ်နေစမ်း!! "" ရှန်ယိ က စူးရဲသွားသည့် နားကြောင့် မကျေမနပ်ဖြစ်သွားသည် ။ ဒီလို အသုံးမကျတဲ့ ပစ္စည်းကို ဘယ်ကောင်က တီထွင်ထားတာလဲ.. ငါသိများသိလို့ကတော့ .. သေရအောင်တာ ကြံ ။
သူတွေးနေတုန်းရှိသေး ရုတ်တရက် လည်ချောင်းထဲမှ သွေးအရသာကို ခံစားလိုက်ရပြီး ခေါင်းများမူးနှောက်သွားသည် ။ ' လခွမ်း. အဆိပ်ခတ်ခံလိုက်ရပြီ .. ' သူက သေရမည့် အချိန် နီးကပ်လာသည်ဟု ပင် ခံစားလိုက်ရသည် ။
' ဖာ့ခ် ဒီ သောက်ကျိုးနည်း အခြေအနေ !! နောက်တစ်ခါ သေပြီးသား ဇာတ်ကောင် ပေးရဲပေးကြည့် ဒီအဖေက မင်းတို့ စနစ် တစ်ခုလုံးကို အလွတ်မပေးဘူး '
ရှန်ယိ ၏ ခေါင်းသည် ချာချာလည်ကာမှုးနှောက်သွားပြီးနောက် မေ့လှဲသွားတော့သည် ။ သူ သတိမလွှတ်သည့် အချိန်အထိ သူသည် system အား မိုးမွန်အောင် ကျိန်ဆဲနေခဲ့သေးသည် ။
________________________
အဟွတ်... အဟွတ်...ရှန်ယိ သည်မျက်နှာတည့်တည့် လောင်းချလာသည့် ရေများကြောင့် ချောင်းဆိုးလိုက်ရသည် ။ ' ဒီဖေ!! ကံဆိုးချင်တော့လဲ ဆက်တိုက် .. '
VOUS LISEZ
Roman d'amour" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " ( AN /MC Gong ပါ )