ဒေါက်!!! ဒေါက်!!!ဒေါက်!!!
" သခင်လေး!! ဧည့်သည်ရောက်လာပါတယ်" တံခါးခေါက်သံနဲ့အတူ ခေါ်သံကြောင့် ရိုမန်က ရီဗဲလ်အား " ခနစောင့်.. ကြည့်ချင်တဲ့ဟာ ဆက်ကြည့်နေနော်.. " စာအုပ်ထဲ ဈာန်ဝင်နေသည့် ကောင်လေးက မော့ကြည့်လာကာ ခေါင်းလေးငြိမ့်ပြလာသည်။
" ဟုတ်.."
ရိုမန်က ပြုံးလိုက်ကာ ပါးပြင်အိအိလေးကို တစ်ချက်နမ်းရှိုက်လိုက်သည် ။ " လိမ္မာလိုက်တာ..." သူက အခန်းအပြင်သို့ ထွက်လိုက်ကာ အပြင်တွင် စောင့်နေသည့် အစေခံအား ကြည့်လိုက်သည် ။ အစေခံက ခေါင်းအသာငြိမ့်ကာ ရှေ့မှထွက်သွားသည် ။ ရိုမန်က အနောက်ကလိုက်လာရင်း အင်္ကျီလက်ခေါက်ကို ခေါက်တင်ကာ မေးလိုက်သည် ။
" ဘယ်သူလဲ !! " ရီဗဲလ်ကို သူခေါ်ထားသည့်အတွက် မကျေမနပ်ဖြစ်သည့် လူများဟုထင်လိုက်သော်လည်း ထိုလူအိုကြီးများက ဒီအချိန်ကြီး သူ့အား လာရှာမည် မဟုတ်ပေ ။ အပြင်တွင် အလင်းရောင်မရှိအောင် မှောင်မဲနေပြီ မဟုတ်ပါလား ။ သူက လှေကားပေါ်မှ ဆင်းလာရင်း ဧည့်ခန်းထဲက ပုံရိပ်ကို မြင်လိုက်ရသည့်အတွက် အစေခံကို ဆက်မမေးတော့ချေ။
ဧည့်ခန်းထဲတွင် ထိုင်ရမလိုထရမလို ဖြစ်နေသည့် ရိုးလ် က မျက်နှာထက်တွင်စိတ်ရှုပ်ထွေးမှုများ အတိုင်းသားပင် ။ ရောက်ရောက်ချင်း မှော်အစီအရင်ပြုလုပ်ရန် သူက လိုက်သွားခဲ့ရသည် ။ သို့ အစီအရင်သည် ခါတိုင်းကဲ့သို့ အစွမ်းမထက်ဘဲ အနည်းငယ်သာ တိုးတက်လာခဲ့သည် ။ ထိုအခြေအနေကြောင့် သူအပါအဝင် အားလုံးထိတ်လန့်သွားကြသည် ။ စင်ကြယ်ခြင်းစွမ်းအင်သည် သိပ်မသန့်စင်တော့ပေ ။ အကြောင်းအရင်းကို ဆက်စပ်တွေးကြည့်သည့်အချိန်တွင် အရာအားလုံးက ပုံမှန်သာ ဖြစ်နေကာ ရိုမန်တစ်ယောက်သာ ပြောင်းလဲနေခဲ့ခြင်း ဖြစ်သဖြင့် ပြဿနာသည် ရိုမန်ထံတွင် ရှိရမည်ဟု သုံးသပ်လိုက်သည် ။
ရိုးလ် ၏ အကြည့်က လှေကားပေါ်မှ လက်ကိုအသာခေါက်တင်လျက် ဆင်းလာသည့် လူကို တွေ့သည့်အချိန်တွင် ခါတိုင်းနဲ့ မတူဘဲ စိတ်လှုပ်ရှားနေလေသည် ။ ရိုမန်သည်တော့ သူ့အား တစ်ချက်သာ ကြည့်လိုက်ပြီး ဆိုဖာတွင် ခြေချိတ်ကာ ထိုင်လိုက်သည် ။ " ဘာကိစ္စလဲ .."
YOU ARE READING
Romance" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "