" ထပ်ပြီး.. ဒီကောင်က ဘယ်သူလဲဟ .. ခုနကကောင်ထက်တောင် ထူးဆန်းနေသေးတယ် .." တစ်ယောက်က မနေနိုင်ဟန် ရေရွတ်လိုက်ရာ ဘေးနားက သူများ ထိုသူအား ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည် ။
" မင်းက .. ဘယ်ချောင်သေနေလို့ .. ဒီ မကောင်းဆိုးဝါးအကြောင်း မသိရတာလဲ " ဟု ပြောနေသယောင် မျက်ဝန်းများက ထိုသူအား ရှက်ရွံ့သွားစေသည် ။
အဆုံးတွင်မှု လော့ကျွင်းသည် အငြိမ်နေတတ်သည့် သူတစ်ယောက် မဟုတ်ခဲ့ပေ ။ ကပ်ဘေးကြောင့် သူ့နာမည် တက်လာသည် မှန်သော်ငြား လော့ကျွင်းအား လူသိများစေခဲ့သည်မှာ သူရှာသည့် ပြဿနာများကြောင့်ပင် ။ ထိုက်ယိတောင်နားတစ်ဝိုက်က ကြီးကြီးမားမား ဘယ်အဖြစ်အပျက်မဆို သူနဲ့ ဆိုင်လျှင် ဆိုင် မဆိုင်လျှင် သူလုပ်လိုက်တာချည်းသာ ဖြစ်နေတတ်ကာ ဂိုဏ်းပတ်ဝန်းကျင်က လက်အောက်ခံနေရာများမှ လူများသည် ဘယ်အဖြစ်အပျက်ကိုမှ မတုန်လှုပ်နိုင်တော့ဘဲ ပြဿနာများအား ထုံနေသည်အထိပင် ။
တဖက်တွင် ထိုသူများက ချန်းယန်၏ မျက်လုံးမှ ဒဏ်ရာအား ကျေးဇူးတင်ရမည် ဖြစ်သည် ။ မဟုတ်ပါက မကောင်းဆိုးဝါးနှစ်ကောင်အား ထိန်းနိုင်ရန် သူတို့က မတတ်နိုင်သလို ဘိုးဘေးများသည်လည်း ဒီညီအစ်ကို နှစ်ယောက်အား ထိန်းရန် အားယားမနေကြပေ ။
လော့ကျွင်းက ပါးစပ်တွင် အရိုးတံတစ်ခုအား ကိုက်လျက် ထိုက်ရှန်းဂိုဏ်းသားများ ရှိရာနေရာသို့ သွားကာ တွေ့ရာတစ်နေရာတွင် ရပ်နေလိုက်သည် ။ သူ့အမှုအရာက ခုနက အဖြစ်အပျက်များသည် မဖြစ်ခဲ့ဘူးသကဲ့သို့ ။
မို့ယောင်၏ ပွေ့ထိန်းထားခြင်းခံရသည့် ချင်းယောင်က လော့ကျွင်းအား မီးဝင်းဝင်းတောက်သည့် အကြည့်ဖြင့် ကြည့်နေခဲ့သည် ။ မို့ယောင်က သူမ၏ ရှုပ်ပွသွားသည့် ဆံပင်တို့အား သပ်တင်ပေးရင်း " မပူနဲ့ .. ဂိတ်ထဲရောက်တာနဲ့ ငါ မင်းအတွက် ကလဲ့စားချေပေးမယ် "
ဒီနှစ်အတွက် ကိစ္စအဝဝအား တာဝန်ယူထားရသည်မှာ ဟုန်ယိဂိုဏ်းဖြစ်ကာ သူက လော့ကျွင်းနဲ့ ပြဿနာတက်၍ မဖြစ်နိုင်ပေ ။ ကိစ္စများကို လွတ်လွတ်လပ်လပ်ဖြေရှင်း ချင်လျှင် ရှီမန်ဂိတ်ဖွင့်သည့် အချိန်သည် အကောင်းဆုံးပင် ။
![](https://img.wattpad.com/cover/278822395-288-k781475.jpg)
DU LIEST GERADE
Romantik" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "