Arc.8.29
3K 471 57
ရွီး!!
ချန်းယန်က လက်ကို အသာပင့်မြောက်ကာ ချန်းယင်အား ဘေးသို့ တွန်းလိုက်ပြီး ခပ်လှမ်းလှမ်းက နေရာတစ်ခုအား ဦးတည်ကာ ရေခဲမြားတစ်ခု ပစ်လွှတ်လိုက်သည် ။
ထက်မြသည့် ဓားမြောင်တစ်ခုနဲ့ ရေခဲမြားတစ်ခုက လမ်းတစ်ဝက်တွင် ထိပ်တိုက်ဆုံသွားပြီး ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခုကို ယူဆောင်လာခဲ့သည် ။ ရေခဲမြား၏ အလျင်က တစ်ချက်သာတန့်သွားပြီး ပစ်မှတ်နေရာသို့ ဝင်သွားခဲ့သည် ။
" ရှီရှုံး ! ကျွန်မပါ .. " ယုလန်က လက်နှစ်ဖက်ကို မြောက်လျက် ပုန်းကွယ်နေရာမှ ထွက်လာခဲ့သည် ။ သူမကို တွေ့လျှင် ရပ်တန့်သွားမည်ဟု ထင်လိုက်သော်လည်း ရေခဲမြားက သူမရှေ့တည်တည်သို့ ပျံဝဲလာဆဲ ဖြစ်ကာ ယုလန်၏ မျက်နှာက ဖြူဆုတ်သွားကာ နောက်သို့ အလျင်အမြန်ဆုတ်ရသည် ။ ပုံရိပ်တစ်ခုက ရေခဲမြားကို တားဆီးလိုက်မှသာ သူမ၏ အသက်‌ကလေး လွတ်မြောက်သွားသလို ခံစားလိုက်ရသည် ။
" ချန်းယန် !! ယုအာ က သူမ ပါလို့ ပြောနေတယ်လေ .. ဘာလို့ ဆက်တိုက်ခိုက်နေတာလဲ .." မို့ယောင်က မျက်နှာသေဖြင့် ရှိနေသည့် ချန်းယန်အား အော်ဟစ်လိုက်သည် ။ ချန်းယန်က လက်ဝှေ့ယမ်းလိုက်ကာ နှာတစ်ချက်မှုတ်လိုက်ပြီး " သူမပါလို့ ပြောလိုက်တာက ငါ့ကို တိုက်ခိုက်တာ သူမပါလို့ ဝန်ခံလိုက်တာဘဲလေ .. မင်းက ငါ့ဆီက ဘယ်လိုဖြေရှင်းချက်မျိုးလိုချင်နေတာလဲ .."
" မဟုတ်ပါဘူး .. မဟုတ်ပါဘူး ယုအာက အဲ့လူကို တိုက်ခိုက်တာပါ .. သူက ကျွန်မဆီက ရတနာကို လုသွားလို့လေ " ယုလန်၏ ညွှန်ပြခြင်းခံရသည့် ချန်းယင်၏ မျက်နှာက ခက်ထန်သွားသည် ။ " လုယူတယ်ဆိုတာ ဘာလဲ .. အဲ့ဒါက အစကတည်းက ငါ့ပစ္စည်းဘဲလေ .. " သူ့က လက်ကို အနောက်ပို့လိုက်ပြီး လက်ဖျံက ပုလဲသဏ္ဍာန်အမာရွက်လေးအား အသာထိတို့လိုက်သည် ။ ' ဒါက အစ်ကိုကြီးအတွက် ..'
ဒီနှစ်အတွင်း သူရှာလို့ရသမျှ ပစ္စည်းတွေထဲတွင် ဒီတစ်ခုက တန်ဖိုးအကြီးဆုံးနဲ့ ချန်းယန်နဲ့ အလိုက်ဖက်ဆုံးပင် ။ သူ့တွင် ချန်းယန်ကဲ့သို့ ပြောင်မြောက်သည့် စွမ်းရည်မရှိသဖြင့် တွေဆုံဖို့ မထိုက်တန်ဟု ခံစားခဲ့ရသည့်အပြင် သူ့တွင် လာတွေ့နိုင်သည့် စွမ်းအားလည်း မရှိပါချေ ။ ဒီလိုဆိုရင်တောင်မှ သူက  ချန်းယန်အတွက် ရတနာတစ်ခု ပေးချင်နေဆဲ ။ ဒါက ဒီလူကို တစ်ခါတော့ တွေ့ဖို့ အခွင့်အရေးတစ်ခုလဲ ဖြစ်နိုင်တယ်လေ ။