" ခေါင်းဆောင်!!! ခေါင်းဆောင်!!! " အလျင်စလို ကျယ်လောင်သည့်အသံက သူ့အား နိုးထစေလိုက်သည် ။ သူက ထထိုင်လိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန်တွင် ရွက်ဖျင်တဲတစ်ခုထဲသို့ ရောက်နေကြောင်း သိလိုက်ရသည် ။ အသံသည် ရွက်ဖျင်တဲ၏ အပြင်မှလာခြင်းပင် ။
" ပြော!!! " အပြင်ဘက်မှ လူသည် ထိုခပ်ဩဩအသံကြောင့် တရိုတသေပြောလိုက်သည် ။
" အရှေ့နား တစ်နေရာမှ အသွင်ပြောင်းဝံပုလွေ ( werewolf )တစ်အုပ်ကို အချက်ပြကိရိယာကနေ တွေ့ရပါတယ်.." တဲထဲမှ ပြန်လာသည့်အသံမကြားရသဖြင့် ထိုလူက တိတ်တဆိတ်ပင် ထွက်သွားခဲ့သည်။
တဲထဲတွင် သူက သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ပြီး အတော်လေး သဘောကျသွားသည် ။ သူရဖူးသမျှထဲတွင် အသန်မာဆုံးဟု ဆို၍ရလေသည် ။ ပြီးနောက် သူက လက်ပတ်မှ နေရာတစ်ခုအား ထိလိုက်သည် ။ ထိုအချိန်က အလိုအလျောက်တုန့်ပြန်မှုဖြင့် ခလုတ်များနှိပ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအချိန်တွင် ဘာမှမမှတ်မိတော့ချေ ။ ပရိုဂရမ် နှစ်ခုသည် ပြုလုပ်သူမတူသော်လည်း မူရင်းပုံစံငယ်သည် တူညီသဖြင့် ပရိုဂရမ် နှစ်ခုသည် ပေါင်းစည်းသွားကာ ရောက်မည့်ကမ္ဘာများမှလွဲ၍ ယခုသူက ဒီကိရိယာအား လိုသလို အသုံးချနိုင်သည်ဟု ခံစားရသည် ။
ခနအကြာတွင် ဇာတ်ကြောင်းကိုကြည့်လိုက်သည် ။
ဇာတ်လမ်း၏ အဓိကဇာတ်လိုက်သည် ရိုးလ်လစ် ဟု ခေါ်သည့် လူသားကောင်လေးတစ်ယောက်ဖြစ်သည် ။ လူသားဟု ထည့်ပြောရခြင်းမှာ ဒီကမ္ဘာတွင် vampire , werewolf , witch စသည့် ထူးခြားသည့် လူမျိုးများရှိ နေသေးသောကြောင့် ပင် ။ အချင်းချင်းသတ်ဖြတ်ရန် မှော်အစီအရင်လုပ်ထားသည့် လက်နက်များရှိသလို မွေးရာပါ စွမ်းရည်နိုးထ ထားသည့် သူများလဲ ရှိကြသည် ။
ရိုးလ်လစ်သည် နတ်ဘုရား၏ကောင်းချီးကို ရရှိထားပြီး မွေးကတည်းက နူးညံ့စင်ကြယ်သည့် နှလုံးသား ရှိထားသည် ။ ဤကဲ့သို့ ဆိုးယုတ်သည့် လောကကြီးထဲတွင် ထိုကဲ့သို့နှလုံးသားရှိသူသည် မရှိသလောက်ရှားပါးလှသည် ။ အသုံးပြုလေ့ရှိသည့် မှော်ရှေးအစီအရင်ကြီးများသည် ထိုကဲ့သို့ စင်ကြယ်သည့် နှလုံးသားနဲ့မှ ပိုအစွမ်းထက်သဖြင့် ရိုးလ်လစ်၏မွေးဖွားခြင်းသည် လူသားမျိုးနွယ်အား အစွမ်းထက်ဆုံး ရပ်တည်မှု တစ်ခုဖြစ်စေခဲ့သည် ။
YOU ARE READING
Romance" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " ( AN /MC Gong ပါ )