Arc.5.11
4.3K 674 20
" သွေးနံ့..??? "
ရုတ်တရက် အန်းဇယ်ရီ၏ ကျောပြင်က တောင့်တင်းသွားခဲ့သည် ။ သူရဲ့ ကြင်ယာတော်က သွေးနံ့နဲ့ ရင်းနှီးသည့် စစ်သူကြီး တစ်ဦးဖြစ်နေတာကို မေ့သွားခဲ့ခြင်း ။ သူက သွေးနံ့ရဲ့ လားရားကို လိုက်ရှာရင်း မျက်မှောင်ကြုတ်နေသည့် လင်းယွီ့၏ အကြည့်များက သူ့ခါးစပ်နားသို့ မရောက်နိုင်ရန် အလျင်စလို တုန့်ပြန်လိုက်သည် ။
"...."
လေထုသည် ခေတ္တတိတ်ဆိတ်သွားကာ ဘေးပတ်လည်က တီးလုံးများပင် တိုးညင်းသွားခဲ့သည် ။ သူ့နဖူးထက်မှ အထိအတွေ့ကိုသာ မခံစားမိပါက သူသည် လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားပြီဟု ယုံကြည်မိပေလိမ့်မည် ။ သူလုပ်နေခဲ့သည်က သွေးနံ့ကို လိုက်ရှာနေရုံသာ .. ဘယ်လိုလုပ် ဒီလူရဲ့ အာရုံကို ရသွားတာလဲ.???
လက်ရှိတွင် လင်းယွီက အန်းဇယ်ရီဘက်သို့ သိသိသာသာစောင်းနေပြီး အန်းဇယ်ရီရဲ့ ရှည်သွယ်သွယ်လက်ချောင်းလေးများက ဆံစကို သပ်တင်ပေးနေသည့် ဟန် နဖူးထက်တွင် ရှိနေခဲ့သည် ။ ထိုလက်ချောင်းများက တဖြည်းဖြည်း လျော့ကျလာပြီး မှေးစေ့အား အသာမော့ကိုင်လိုက်သည် အထိ တဖက်လူမှာ အသိမဝင်လာခဲ့သေးပေ ။ အန်းဇယ်ရီ၏ နူတ်ခမ်းတောင့်စွန်းများသည် မြင့်တက်သွားကာ အပြုံးနုနုလေး ပေါ်လာခဲ့ပြီး အလွန်ဆွဲဆောင်မှု ရှိနေခဲ့သည် ။ ထိုအပြုံးလေးကြောင့် သခင်မလေး အများစု၏ နှလုံးသားများ လှုပ်ခတ်သွားခဲ့သည့်အချိန်မှာပင် တုန့်ပြန်မှု တစ်ခုကို ပြုလုပ်လိုက်သည် ။
အန်းဇယ်ရီက အံ့အားသင့်နေသည့် မျက်နှာလေးနဲ့ နီးကပ်သွားစေရန် ငုံ့ကိုင်းလိုက်ပြီး နူတ်ခမ်းများကို ထပ်တူကျစေရန် ဖိကပ် လိုက်သည် ။ တစ်ချက်သာ နမ်းမည်ဟု ကြံရွယ်ထားသော်လည်း စတင်သည်နဲ့ မရပ်တန့်ချင်နိုင်လောက်အောင်ဖြစ်နေသည့် စိတ်ကြောင့် အန်းဇယ်ရီက သူ့ကိုယ်သူ စိတ်ထဲမှ တိတ်တဆိတ် ဆဲရေးလိုက်သည် ။ သူက နူတ်ခမ်းပါးလေးအား ခပ်ဖွဖွ တစ်ချက်ကိုက်လိုက်ပြီး လွတ်ပေးလိုက်ရသည် ။ သို့တိုင် မျက်နှာထက်တွင် မခွဲနိုင်မခွာရက် ဖြစ်နေသည့် အမှုအရာက အထင်းသားပင် ။ တမင်လုပ်ယူထားခြင်းမဟုတ်ဘဲ .. အချိန်အတော်ကြာ ထိန်းချုပ်ထားရသဖြင့် သဘာဝကျစွာ တုန့်ပြန်လာသည့် အမှုအရာပင် ။