Arc.8.4
3.2K 500 6
ဝုန်း!!!
" ဆရာ .. ကျွန်တော် ရှီရှုံးဆီ မသွားတော့ဘူး .. "
ရုတ်တရက်ကြီး ဝင်လာသည့် တပည့်ဖြစ်သူကြောင့် ဟန်ရဲ့သည် အာရုံ ပျံ့လွင်သွားပြီး ဆေးဖော်စပ်မှု ကျရှုံးသွားခဲ့သည်။ မျက်နှာတစ်ခုလုံး ပြာများ အပြည့် ဖြစ်သွားသည့် ပုံစံက ရယ်ချင်စဖွယ် ။။
" သေစမ်း!! ဘယ်သူသေလို့ ဝုန်းဒိုင်းကြဲနေတာလဲ .." ဟန်ရဲ့ သည် ထခုန်လိုက်ကာ လော့ကျွင်းအား တွေ့ရာပစ္စည်းများဖြင့် ကောက်ပေါက်လိုက်သည် ။
ဟန်ရဲ့၏ ဆုံးမစကားပြောခြင်း အစီအစဉ်အား စတင်မိလိုက်သည်ကို သတိထားမိကာ လော့ကျွင်းက မျက်လုံးကို လှန်လိုက်‌တော့၏ ။ ရှုပ်ပွနေသည့်အခန်းတွင်းမှ ခုံတစ်ခုအား ဆွဲထုတ်ယူရန် ပျင်းရိလွန်းလှကာ ဝတ်ရုံစကို မလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်သည်။ သူ့ဆရာ ဆုံးမစကားများပြောနေစဉ် ဖြတ်ပြောနိုင်ရန် မဖြစ်နိုင်သဖြင့် တရေးတမော အိပ်ရန်သာ ပြင်လိုက်တော့သည် ။ ထို ရိုက်သတ်ချင်စရာကောင်းလှအောင် လေးစားလွန်းသည့် အပြုအမှုကြောင့် ဟန်ရဲ့ သည် အဓိပ္ပာယ်မဲ့စွာ ကြည့်လိုက်မိသည် ။
" ဒီနှစ်လအတွင်း .. ဒီခွေးကောင်လေး ငြိမ်နေလို့ .. ငါက အေးချမ်းတဲ့ ရက်လေးတွေ ရောက်လာပြီလို့ ထင်နေတာ .." သူ့အကြည့်က ပြာများကို နှမောတသဖြစ်စွာ လှည့်ကြည့်လိုက်သည် ။ " ငါ အဆင့်လေး ဆေးဆရာ ဖြစ်တော့မဲ့အခွင့်အရေးကို .. တစ်ချက်တည်း ဖျက်စီးသွားတယ် .."
သည်အချိန်တွင် လော့ကျွင်းက လက်ထောင်လိုက်ကာ ဝင်ထောက်လိုက်သည် ။ " စိတ်မပူပါနဲ့ ဆရာ.. ဆရာ အဆင့်လေး ရောက်ဖို့ အဝေးကြီး လိုသေးတာ ကျွန်တော် ပြောနိုင်ပါတယ် "
ဟန်ရဲ့ :"..." မင်းရဲ့ ပါရမီကို တခြားနေရာမှာ အသုံးချစမ်း!!!
အခြားဆရာများ ပါရမီရှင်တပည့် လက်ခံရာတွင် ဘယ်လိုနေသလဲ သူမသိသော်လည်း သူ့အတွက်တော့ အလွန်ဒုက္ခများပေသည် ။ ဟန်ရဲ့က အတွေးထဲတွင် စားပွဲအား လှန်မှောက်လိုက်ကာ အော်ဟစ်လိုက်သည် ။
' ဒီသေနာလေးတွေက ငါ့ကို မလေးစားဘူးလေ '
သူ့တွင်ရှိသည့် တပည့်နှစ်ဦးသည် တစ်ယောက်မှာ ရေခဲတမျှအေးစက်စက်ဖြင့် ဘယ်သူမှ သောက်ဂရုမစိုက်သည့် မျက်နှာဘေးအား ဆောင်ယူကာ လုပ်ချင်ရာလုပ်တတ်သည် ။ အခြားတစ်ယောက်မှာ အချိန်မရွေးပေါက်ကွဲနိုင်သည့် စွမ်းအင်တစ်ခုအလား ရောက်ရာအရပ်တွင် ပြဿနာအကြီးကြီး ရှာတတ်သည် ။ ပြဿနာက သူ့အား မရှာလျှင် သူက ပြဿနာအား လိုက်ဖမ်းနေသည့် လူမျိုးပင် ။